ဂျပန်၌ကြက်ငှက်တုပ်ကွေးကူးစက်ပျံ့နှံ့မှုကြောင့် ကြက်ကောင်ရေဆယ်သန်းကျော်အားစံချိန်တင်သုတ်သင်

0
174

မီတို၊ဇန်နဝါရီ ၉

ဂျပန်နိုင်ငံတစ်ဝန်းကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်းမြင့်တက်လာခြင်းကြောင့် ယခုရာသီ၌ ကြက်ခြံများတွင် ကြက်ကောင်ရေ ၁၀ သန်းနီးပါးအား သုတ်သင်ရှင်းလင်းခဲ့ကြောင်း မွေးမြူရေးဝန်ကြီးဌာနက တနင်္လာနေ့ကပြောကြားခဲ့သည်။

တိုကျိုအရှေ့မြောက်ဘက်ရှိ အီဘရခုစီရင်စု၌ သတ်ဖြတ်ခံရသည့်ကြက်အကောင်ရေသည် ၉ ဒသမ ၉၈ သန်းအထိတိုးလာသည်ဟုသိရှိရပြီး ၎င်းတို့အားစစ်ဆေးကြည့်သည့်အခါ ကြက်ငှက်တုပ်ကွေးဖြစ်နေကြောင်းအတည်ပြုခဲ့သဖြင့် သုတ်သင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။

ယခုနှစ်အတွက်သုတ်သင်ရသည့်ကြက်အကောင်ရေသည် ယခင်နှစ်၏စံချိန်တင်သုတ်သင်မှု ၉ ဒသမ ၈၇ သန်းထက် ပိုများခဲ့ကြောင်း စိုက်ပျိုးရေး၊ သစ်တောနှင့်ငါးလုပ်ငန်းဝန်ကြီးဌာနကပြောကြားခဲ့သည်။

တနင်္လာနေ့အထိဂျပန်စီရင်စု ၄၇ ခုအနက် ၂၃ ခု၌ ကူးစက်မှုပေါင်း ၅၆ ခုအားအတည်ပြုထားခဲ့ကြောင်းသိရသည်။ယခုနှစ်အတွက်ပထမဆုံးကူးစက်မှုအား ဂျပန်နိုင်ငံအနောက်ပိုင်း အိုကာရာမခရိုင်ရှိ ကြက်ခြံတစ်ခြံမှစတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ယင်းနောက် ဖူးကိုးခခရိုင်မှကူးစက်မှုတစ်ခုထပ်မံဖြစ်ပေါ်ခဲ့ပြီး အဆိုပါခရိုင်၌ သြစထရစ် မျိုးနွယ် အီမျူးငှက်အကောင် ၄၃၀ ခန့်ကိုလည်းသုတ်သင်ခဲ့ကြောင်းသိရှိရသည်။ယင်းအပြင်ဂျပန်နိုင်ငံ၏ ကြက်ငှက်တုပ်ကွေးရောဂါသည် အသိုက်ပြောင်း ရွှေ့ကျက်စားနေထိုင်လေ့ရှိသော ငှက်များကြောင့်လည်းဖြစ်သည်ဟုဆိုကြသည်။

Source : Kyodo


LEAVE A REPLY

Please enter your comment!
Please enter your name here