ပြင်ဆင်ပြီးသည့် တာဝါတိုင်မှဓာတ်အားပြန်လည်ချိတ်ဆက်ပို့လွှတ်နိုင်ရန်ဆောင်ရွက်မည်ဖြစ်၍ မနက်ဖြန်တွင် တောင်ဥက္ကလာပမြို့နယ်၌ ယာယီမီးပြတ်မည်

0
194

ပြိုလဲပျက်စီးသွားသည့် တာဝါတိုင်အားပြန်လည်ပြင်ဆင်ပြီး၍ ဓာတ်အားပြန်လည်ချိတ်ဆက်ပို့လွှတ်ရန် လုပ်ငန်းဆောင်ရွက်မည့်အကြောင်းအား ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC)က အသိပေးခဲ့ခြင်းဖြစ်သည်။

66kV သာကေတ-စိန်းပန်းမြိုင်(၁)၊(၂)ဓာတ်အားလိုင်း၏ တာဝါတိုင်အမှတ်(၄၉)သည် ဇန်နဝါရီ ၅ ရက်မွန်းတည့် ၁၂ နာရီခန့်က ပြိုလဲပျက်စီးသွားခဲ့သည်ဟု YESC ကအသိပေးခဲ့သည်။

ထို့ကြောင့် လျှပ်စစ်ဝန်ထမ်းများမှပြိုလဲပျက်စီးသွားသည့် တာဝါတိုင်အား ပြန်လည်ပြုပြင်တည် ဆောက်ခဲ့သဖြင့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြင်ဆင်ပြီးဖြစ်၍ ပုံမှန်အတိုင်း ဓာတ်အား ပြန်လည်ချိတ်ဆက်ပို့လွှတ်နိုင်ရန် လုပ်ငန်းဆောင်ရွက်ခြင်းအား လျှပ်စစ်ဝန်ထမ်းများက ဇန်နဝါရီ ၁၀ ရက်(မနက်ဖြန်)နံနက် ၉ နာရီမှနေ့လည် ၁ နာရီအထိ ပြုလုပ်သွားမည်ဟု YESC ကအသိပေးခဲ့သည်။

လုပ်ငန်းဆောင်ရွက်နေချိန်၌ တောင်ဥက္ကလာပမြို့နယ်ရှိ နေရာအချို့တွင် လျှပ်စစ်ဓာတ်အားယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကာ အရေးကြီးနေရာများ၌ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရန် အလေးထားဆောင်ရွက်သွားမည်ဟု YESC ကအသိပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here