မြန်မာ – အိန္ဒိယ ကူးသန်းသွားလာရေးကုလားတန်စီမံချက်အတွက် စီမံချက်စီမံခန့်ခွဲမှုအတိုင်ပင်ခံအသစ်နှင့် မျှော်လင့်ချက်အသစ်

0
475

နူးဒေလီ၊ဇန်နဝါရီ ၉

အိန္ဒိယအခြေစိုက် IRCON ကုမ္ပဏီအား အိန္ဒိယ – မြန်မာ ကုလားတန် ကုန်းကြောင်း ရေကြောင်း လေ ​ကြောင်းသယ်ယူပို့ဆောင်ရေးစီမံချက်၏ စီမံချက်စီမံခန့်ခွဲ့မှုအတိုင်ပင်ခံကုမ္ပဏီအဖြစ် ခန့်အပ်လိုက်ခြင်းကြောင့် အဆိုပါစီမံချက်၏နောက်ဆုံး ၁၀၉ ကီလိုမီတာပြီးစီးနိုင်မည့် မျှော်လင့်ချက်လည်းပြန်လည်ရှင်သန်လာခဲ့သည်။ယခုစီမံကိန်းသည် အိန္ဒိယနှင့်မြန်မာအား ဘင်္ဂလားပင်လယ်အော်မှတစ်ဆင့် ဆက်သွယ်ပေးမည်ဖြစ်ကြောင်းသိရသည်။

ယခုစီမံချက် အား အိန္ဒိယနိုင်ငံ၏နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၀၈ ခုနှစ်က စတင်အဆိုပြုခဲ့ခြင်းဖြစ်ပြီး ၂၀၁၀ ပြည့်နှစ်တွင်စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ ၂၀၁၄ တွင်အပြီးသတ်ရန်ရည်မှန်းထားခြင်းဖြစ်သည်။သို့သော်ယခုအခါ အဆိုပါစီမံချက်သည် ဆယ်စုနှစ်နှစ်ခုကျော်ကြာမြင့်ကာ ကုန်ကျစရိတ်ခြောက်ဆကျော် ကုန်ကျနေပြီဖြစ်သော်လည်း ပြီးစီးခြင်းမရှိသေးပေ။

မြန်မာနိုင်ငံတွင်းဖြစ်ပွားနေသည့် နှစ်ဘက်ပဋိပက္ခပြဿနာများသည် ယခုစီမံကိန်းပြီးရန်ကြန့်ကြာနေရသည့် အဓိကပြဿနာတစ်ခုဖြစ်လာခဲ့သည်။လက်ရှိ၌အဆိုပါစီမံကိန်း၏ ရေလမ်းပိုင်းပြီးနေပြီဖြစ်သော်လည်း မြန်မာဘက်ခြမ်းရှိ လုံခြုံရေးအခြေအနေနှင့် ကူးစက်ရောဂါအခြေအနေများကြောင့် လမ်းဖောက်လုပ်ရာ၌ နှေးနေရခြင်းဖြစ်ကြောင်းသိရှိရသည်။

ဒေါ်လာ ၄၈၄ သန်းတန်ပရောဂျက်ကို အိန္ဒိယဘက်မှ ထောက်ပံ့ကူညီမှုအစီအစဉ်ဖြင့် တည်ဆောက်နေခဲ့ခြင်းဖြစ်သည်။အဆိုပါစီမံကိန်းပြီးလျှင်ပြီးချင်း ကာလကတ္တားနှင့်စစ်တွေဆိပ်ကမ်းတို့အား ဘင်္ဂလားပင်လယ်အော်မှတစ်ဆင့်ဆက်သွယ်ပေးမည်ဖြစ်သည်။

သို့သော်လည်း ပလက်ဝ  (မြန်မာ) နှင့် ဇိုရင်ပူ (မီဇိုရမ်နယ်စပ်) အကြား မြေသားလမ်းပိုင်း ၁၀၉ ကီလိုမီတာဖောက်လုပ်ရန်လိုအပ်လျက်ရှိပြီး ဆက်လက်ပြုလုပ်နိုင်ရန်အတွက် အမျိုးမျိုးသောလေလံဆွဲမှုများပြုလုပ်ခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ပေ။

ကျန်ရှိနေသောလမ်းပိုင်းကိုဆက်လက်ဆောက်လုပ်ရန်မှာလည်း မလွယ်ကူလှပေ။အဘယ်ကြောင့်ဆိုသော် အဆိုပါနေရာများသည် မြန်မာစစ်တပ်နှင့်တိုင်းရင်းသားလက်နက်ကိုင်များအကြား ပဋိပက္ခဖြစ်ပွားနေရာဒေသများဖြစ်သောကြောင့်ဖြစ်သည်။

ထို့ကြောင့်ပင် ယခု ၂၀၂၃ ခုနှစ်၌ အဆိုပါပရောဂျက်အား ပြီးစီးအောင်လုပ်နိုင်မလုပ်နိုင်ကိုမူစိုးရိမ်လျက်ရှိကြပြီး နောက်ထပ်နှောင့်နှေးနေပါကလည်း ကုန်ကျစရိတ်ပိုတိုးမြင့်လာမည်ဖြစ်ကြောင်းဆိုထားသည်။

Source : The New Indian Express


LEAVE A REPLY

Please enter your comment!
Please enter your name here