တရုတ်နိုင်ငံသားများအပေါ် ခွဲခြား ဆက်ဆံသည့်တောင်ကိုရီးအား တရုတ်က ကာလတိုဗီဇာထုတ်ပေးမှုရပ်ဆိုင်း

0
254

ပေကျင်း၊ဇန်နဝါရီ ၁၀

တရုတ်နိုင်ငံသားများအတွက် တင်းကြပ်သောပြည်ဝင်ခွင့်များကို ချမှတ်ခဲ့သည့် တောင်ကိုရီးယားအားလက်တုံ့ပြန်သည့်အနေဖြင့် တရုတ်သို့ကာလတိုဗီဇာထုတ်ပေးခြင်းကို ရပ်ဆိုင်းခြင်းအား တောင်ကိုရီးယားအခြေစိုက်တရုတ်သံရုံးက ယနေ့တွင်ထုတ်ပြန်ကြေငြာခဲ့သည်။

သံရုံးအနေဖြင့် မလိုအပ်ပဲတရုတ်နိုင်ငံသားများအား တမင်ခွဲခြားသတ်မှတ်ထားသည့် စည်းမျဉ်းများနှင့်ပတ်သက်၍ တောင်ကိုရီးယားနှင့်ညှိနှိုင်းမည်ဟုဆိုသည်။

ယခုကြေငြာချက်အား တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာချင်ဂန်က တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် တင်းကြပ်သောစည်းမျဉ်းများအပေါ် စိုးရိမ်မိကြောင်းဖုန်းဖြင့်ပြောကြားပြီးနောက်ကြေငြာခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်အပတ်က တောင်ကိုရီးယားသို့လာသည့်တရုတ်နိုင်ငံသားတစ်ဦးသည် ကိုဗစ်စစ်ဆေးတွေ့ရှိခဲ့သဖြင့် ကွာရန်တင်းဝင်ရန်စောင့်ဆိုင်းနေစဉ် ထွက်ပြေးပျောက်ဆုံးသွား၍ ရဲများကအပူတပြင်းလိုက်ရှာနေရသည်ဟုသိရသည်။

အဆိုပါကိစ္စကြောင့် တောင်ကိုရီးယား၌ ပြည်တွင်းကူးစက်မှုများပြန်လည်မြင့်တက်လာမည်ကိုလည်း စိုးရိမ်နေကြသည်ဟုသိရသည်။

Source – Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here