ဘရာဇီးဖိုက်တာနှင့် ထိုးသတ်ရန် ဘန်ကောက်သို့ ရောက်လာသည့် အောင်လအန်ဆန်

0
228

ဘရာဇီးဖိုက်တာနှင့် ထိုးသတ်ရန် အောင်လအန်ဆန်သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ယနေ့ (ဇန်နဝါရီ ၁၀ ရက်) တွင် ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။

အောင်လအန်ဆန်သည် ဘရာဇီးဖိုက်တာ အသက် ၄၀ အရွယ်ရှိ Gilberto Galvao နှင့် Catch Weight တန်းတွင် ယှဉ်ပြိုင်ထိုးသတ်မည်ဟု One Championship ထံမှသိရသည်။

” ဘန်ကောက်ကို အသင်းနဲ့ အတူရောက်ပါပြီ၊ ကျွန်တော်ရဲ့အသင်း၊ မိသားစုနဲ့ ကျွန်တော်တို့ လူမျိုးကို ကိုယ်စားပြုခွင့်ရတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်” ဟု အောင်လအန်ဆန်က ယင်း၏ လူမူကွန်ယက်စာမျက်နှာတွင်ရေးတင်ထားသည်။

အောင်လအန်ဆန်နှင့် ဘရာဇီးဖိုက်တာတို့သည် ဇန်နဝါရီလ ၁၄ ရက်မြန်မာစံတော်ချိန် နံနက် ၉ နာရီတွင် စတင်ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here