ဘရာဇီးသမ္မတဟောင်းအူလမ်း‌ကြောင်း ပိတ်ဆို့မှုဖြင့် ဆေးရုံတက်နေရဟုဆို

0
146

ရီယိုဒီဂျနေးရိုး၊ဇန်နဝါရီ ၁၀

ဘရာဇီးသမ္မတဟောင်း ဘော်ဆိုနာယိုသည် ၂၀၁၈ ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း ဓားဖြင့်ထိုးခံခဲ့ရသည့်ဒဏ်ရာကပြန်နာလာသဖြင့် ဖလော်ရီဒါရှိ ဆေးရုံသို့ တင်ထားရကြောင်း ၎င်း၏ဇနီးဖြစ်သူ မီရှဲလ်ဘော်ဆိုနာယိုက ဇန်နဝါရီ ၉ ရက်တွင်ပြောကြားခဲ့သည်။

သို့သော် မစ္စတာဘော်ဆိုနာယို၏အခြေအနေသည် စိုးရိမ်စရာမရှိသကဲ့သို့ ခွဲစိတ်မှုပြုလုပ်ရန်လည်းမလိုအပ်ကြောင်း ၎င်း၏ဆရာဝန်ကပြောကြားခဲ့သည်။

ဘော်ဆိုနာယိုသည် ဓားထိုးခံရပြီးကတည်းက ခွဲစိတ်မှု ခြောက်ကြိမ်ပြုလုပ်ခဲ့ရပြီး ၎င်းတို့အနက်လေးကြိမ်မှာ တိုက်ခိုက်ခံရမှုနှင့်ဆက်စပ်၍ ခွဲစိတ်ခဲ့ရခြင်းဖြစ်သည်။

သို့သော်ယခုတစ်ကြိမ်၌ ခွဲစိတ်စရာမလိုအပ်ကြောင်းသိရှိရပြီး မစ္စတာဘော်ဆိုနာယိုဆေးရုံတက်နေစဉ်အတွင်း ၎င်းအားထောက်ခံသူများက ဘရာဇီးရှိအစိုးရရုံးများသို့ဝင်ရောက်စီးနင်းမှုများပြုလုပ်ခဲ့ကြသည်။

ယင်းသို့ပြုလုပ်မှုများအား လက်ရှိသမ္မတမစ္စတာလူလာက ကန့်ကွက်ရှုံ့ချခဲ့ပြီး မစ္စတာဘော်ဆိုနာယိုသည် အခြေမြစ်မရှိသော ရွေးကောက်ပွဲရလဒ်မှားယွင်းသည်ဟူသည့်သတင်းဖြင့် ၎င်းကိုထောက်ခံသူများအား သွေးထိုးခဲ့ခြင်းဖြစ်သည်ဟုဆိုခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here