မသန်စွမ်းအပယ်ခံ တိရိစ္ဆာန်လေးများအစာအဟာရအလှူရှင်မရှိသဖြင့် လှူဒါန်းပေးပါရန် Golden Heart Animal Rescue ဂေဟာ မေတ္တာရပ်ခံ

0
620

မသန်စွမ်းအပယ်ခံ တိရိစ္ဆာန်လေးများအစာအဟာရအလှူရှင်မရှိသဖြင့် လှူဒါန်းပေးကြပါရန် Golden Heart Animal Rescue ဂေဟာက မေတ္တာရပ်ခံ အသိပေးထားသည်။

အဆိုပါ မသန်စွမ်းအပယ်ခံ တိရိစ္ဆာန်လေးများအတွက် ယခုလ ဇန်နဝါရီ ၁၀ ရက်နေ့မှ ဇန်နဝါရီ ၃၁ ရက်နေ့အထိ တစ်လလုံး နီးပါးအလှူရှင် မရှိသေးကြောင်း Golden Heart Animal Rescue ဂေဟာက အသိပေးထုတ်ပြန်ထားသည်။

ဂေဟာတွင် ခွေးအကောင်ရေ ၇၅၀၊ ကြောင်အကောင်ရေ ၁၅၀ ၊ နွား ၆ ကောင် ၊ဝက် ၂ ကောင် တို့ကို စောင့်ရှောက်ထားရှိကာ၊ ၎င်းတို့၏ အဟာရဒါန တစ်နပ်စာအတွက် ကုန်ကျငွေမှာ ငါးဟင်းဖြင့် ၁ သိန်းကျပ် ၊ ကြက်လည်ပင်းရိုးဟင်းဖြင့် ၁ သိန်း ၅ သောင်းကျပ်၊ အမဲအရွတ်ဟင်းဖြင့် ၂ သိန်းကျပ် ကျသင့်မည်ဖြစ်ကြောင်း အသိပေးမေတ္တာရပ်ခံထားသည်။

ယင်း ဂေဟာမှ ပဲ့ကိုင်ရှင် မနှင်းဆီမြင့်က” ရွှေရောင်နှလုံးသား ခြံလေးမှ ဂိလာန တိရစ္ဆာန်လေးများကိုလည်း သတိရပေးကြပါလို့ ကိုယ်အင်္ဂါ ချို့ယွင်းနေရှာတဲ့ မစွမ်းမသန် အပယ်ခံ ကလေးများကိုယ်စား မေတ္တာရပ်ခံပါတယ်ရှင်”ဟု ဆိုသည်။

ထို့အပြင် လေလွင့်ဝေဒနာသည် ခွေးလေး ကြောင်လေးများအတွက် ဆေးကုသမှုပေးနိုင်ရန်အလို့ငှာ စေတနာရှင်များမှ လှောင်အိမ်များ လည်ပတ်များ ချိန်းကြိုးများ ဆေးဝါးများ ကတ်ထူစက္ကူများ သတင်းစာများ ကြက်ပေါင်းရည် ဆန်အိတ် ကြက်ဥ ငါးသေတ္တာဗူး ပူတင်းပေါင်မုန့် သစ်သားကွပ်ပျစ်နှင့် ထင်းများ ကိုလည်း လှူဒါန်းနိုင်ကြောင်း သိရသည်။

ပါဝင်လှူဒါန်းလိုသူများအနေဖြင့် မနှင်းဆီမြင့်
KBZ ATM account – 091 301 999 067 33 701
CB Bank account – 00 84 600 1 00000 442
AGD Bank account – 35 0000 10000 950 16
AYA Bank account – 200 10 64 60 64
YOMA Bank account – 0026 4413 8503 124 အပြင် Wave account – 09795518270 တို့အား ပေးပို့လှူဒါန်းနိုင်ကြောင်း သိရသည်။

ဂေဟာသို့ ကိုယ်တိုင်လာရောက်လိုသူများအနေဖြင့် ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၁၃ / ၅ ရွှေနံ့သာ အုပ်စု လေးထောင့်ကန် စံပြကျေးရွာအတွင်း
( အမှတ် ၃ လမ်းမ ဂိတ်ဟောင်း မှတ်တိုင် London စက်ရုံ ရှေ့တည့်တည့်တွင် စင်္ကာပူ ဓမ္မရောင်ခြည်သို့ဟု မြှားပြထားသော လမ်းထဲ ငါးမိနစ်ခန့် ကားမောင်းဝင်လျှင်) ရောက်ရှိကြောင်း အသိပေးထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here