မြန်မာနေရှင်နယ်လိဂ်(၁)တွင် ဝင်ရောက်ယှဥ်ပြိုင်မည့် ရခိုင်ယူနိုက်တက်အသင်း ကစားသမားသစ်များရွေးချယ်

0
341

မြန်မာနေရှင်နယ်လိဂ်(၁)၏ ပြိုင်ပွဲဝင်အသင်းဖြစ်သည့် ရခိုင်ယူနိုက်တက်အသင်းသည် ၂၀၂၃ ဘောလုံးရာသီအတွက် ကစားသမားသစ်များအား ဇန်နဝါရီ ၁၀ ရက်(ယနေ့)မှစတင်၍ ရွေးချယ်လျက်ရှိသည်။

ရခိုင်ယူနိုက်တက်အသင်းအတွက် ကစားသမားသစ်ရွေးချယ်ခြင်းအား ဇန်နဝါရီ ၁၀ ရက်မှ ၁၃ ရက်အထိ ဗဟန်းမြို့နယ်ရှိ ဗဟန်းမြက်ခင်းတုကွင်း၌ ရွေးချယ်လျက်ရှိခြင်းဖြစ်ကာ ယနေ့ ကစားသမားသစ်ရွေးချယ်ပွဲသို့ ဘောလုံးကစားသမား ၅၀ ဦးခန့်လာရောက်ရွေးချယ်ခံခဲ့ကြကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိဂ်(၁)၏ ၂၀၂၃ ဘောလုံးရာသီသစ်အား ဘောလုံးကလပ်အသင်း ၁၂ သင်းဖြင့် ဖေဖော်ဝါရီ ဒုတိယပတ်တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီ အစည်းအဝေး ၃/၂၀၂၂ ဆုံးဖြတ်ချက်အရ သိရသည်။

ထို့ပြင် မြန်မာနေရှင်နယ်လိဂ်(၂)ပြိုင်ပွဲအား ဖေဖော်ဝါရီလကုန်နှင့်အမျိုးသမီးလိဂ်ပြိုင်ပွဲအား ဇူလိုင် ၂၀ ရက်မှစတင်၍ ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၏ မြန်မာနေရှင်နယ်လိဂ်(၁)တွင် ရှမ်းယူနိုက်တက်အသင်းသည် ရှုံးပွဲမရှိဖြင့် ချန်ပီယံဖြစ်ခဲ့ပြီး လက်ရှိအချိန်၌ ၂၀၂၃ ဘောလုံးရာသီတွင်ဝင်ရောက်ယှဥ်ပြိုင်မည့် ဘောလုံးကလပ်အသင်းများမှာ ကစားသမားသစ်များကို အပြိုင်အဆိုင်ခေါ်ယူလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here