ဧရာဝတီတံတား(ရတနာပုံ)၏ တံတားခံနိုင်ဝန်စမ်းသပ်မည်ဖြစ်၍ ယနေ့ည ဖြတ်သန်းခွင့်ယာယီပိတ်

0
339

မန္တလေးတိုင်းရှိ ဧရာဝတီတံတား(ရတနာပုံ)၏ တံတားခံနိုင်ဝန်အား စမ်းသပ်မည်ဖြစ်၍ ဇန်နဝါရီ ၁၀ ရက်(ယနေ့)ညမှ ဇန်နဝါရီ ၁၁ ရက်နံနက်ပိုင်းအထိ ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီတံတား(ရတနာပုံ)သည် အမရပူရမြို့နယ်နှင့်စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့သို့ဆက်သွယ်ထားသည့်တံတားဖြစ်ကာ တံတားခံနိုင်ဝန်စမ်းသပ်ရန် ယနေ့ည ၈ နာရီမှမနက်ဖြန်နံနက် ၄ နာရီအထိ မော်တော်ယာဥ်များ၊ ဆိုင်ကယ်များနှင့်လူများအား ဖြတ်သန်းသွားလာခွင့်ယာယီပိတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တံတားခံနိုင်ဝန်စမ်းသပ်ခြင်းအား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားတည်ဆောက်ရေးအဖွဲ့များ၊အင်ဂျင်နီယာအဖွဲ့များ၊ သံပေါင်လုပ်သားများနှင့်တံတားဦးစီးဌာန၊ အရည်သွေးထိန်းသိမ်းရေးဌာနခွဲမှ ပညာရှင်များ၊ J & M Steel Solution မှ ပညာရှင်များက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီတံတား(ရတနာပုံ)အား ၂၀၀၈ ခုနှစ်၊ ဧပြီ ၁၁ ရက်ကဖွင့်လှစ်ခဲ့ပြီး တံတားအကျယ် ၄၉ ပေ၊အရှည် ၅၆၁၄ ပေရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here