မလေးကုန်သင်္ဘောတစ်စီး ဆယ်ရက်ကြာပျောက်ဆုံးနေဟုဆို

0
255

ဂျိုဟာဘာရူ၊ဇန်နဝါရီ ၁၀

သင်္ဘောသားငါးဦးပါဝင်သည့် မလေးမှတ်ပုံတင် ကုန်သင်္ဘောတစ်စီးသည် အင်ဒို‌ရေပိုင်နက်အတွင်း နောက်ဆုံးတွေ့လိုက်ရပြီး‌နောက်ပျောက်ဆုံးနေခဲ့ပြီး ဆယ်ရက်ကြာသည်အထိ မတွေ့သေးကြောင်း မလေးရှား ရေကြောင်းထိန်းသိမ်းရေးအေဂျင်စီကပြောကြားခဲ့သည်။

စတီးပိုက်များတင်ထားသည့် အဆိုပါကုန်တင်သင်္ဘောသည် ဒီဇင်ဘာလ ၂၃ ရက်နေ့က ပီရတ်ခ်မှစတင်ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီ ၁ ရက်နေ့က အင်ဒိုရေပိုင်နက်အတွင်းတွေ့နေရသေးကြောင်း ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

အဆိုပါသင်္ဘော၌ပါသွားသည့် ဝန်ထမ်းငါးဦးအနက် သုံးဦးမှာမလေးနိုင်ငံသားများဖြစ်ပြီး ကျန်နှစ်ဦးမှာ အင်ဒိုနိုင်ငံသားများဖြစ်ကြောင်းသိရှိရသည်။

တင်ထားသည့် စတီးပိုက်များ၏တန်ဖိုးသည် ကန်ဒေါ်လာ ၁၆၆,၀၆၅ ထိတန်ဖိုးရှိသဖြင့် ပင်လယ်ဓားပြများနှင့်ဆက်စပ်နေနိုင်သလားဟုမေးမြန်းရာ၌ တာဝန်ရှိသူများအနေဖြင့် ရာသီဥတုဆိုးရွားမှုအပါအဝင် ဖြစ်နိုင်ခြေအားလုံးကိုထည့်တွက်ထားသည်ဟုပြောကြားခဲ့သည်။

သို့သော်အသေးစိတ်အချက်များအား ထည့်သွင်းပြောကြားခဲ့ခြင်းမရှိပဲ အဆိုပါသင်္ဘောနှင့်ပတ်သက်သည့် သတင်းရပါကအကြောင်းကြားပေးရန်သာဆိုထားသည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here