ကမ္ဘာတစ်ဝန်းရှိ ကလေးငယ် ငါးသန်းသည် အသက် ၅ နှစ်မပြည့်ခင် သေဆုံးနေ ဟု ကုလသမဂ္ဂထုတ်ပြန်

0
229

၂၀၂၁ ခုနှစ်တွင် ကမ္ဘာတစ်ဝန်းရှိ ကလေးငယ် ငါးသန်းသည် အသက်ငါးနှစ် မပြည့်ခင် သေဆုံးခဲ့ကြပြီး သေဆုံးသူများထဲမှ (၄၇ ရာခိုင်နှုန်း) ထက်ဝက်နီးပါးသည် မွေးပြီးချင်း ပထမလအတွင်း သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ၏ အချက်အလက်အသစ်များအရ သိရသည်။

သေဆုံးသူအများစုကို ပိုမိုကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့ပါက အသက်ဆုံးရှုံးခြင်းမှ ကာကွယ်နိုင်ခဲ့မည်ဖြစ်ကြောင်းနှင့် မွေးကင်းစ ကလေးငယ်များကြား သေဆုံးသည့် ရာခိုင်နှုန်းသည် ၂၀၁၇ ခုနှစ်ကတည်းက သိသိသာသာ ကျဆင်းလာခြင်းမရှိကြောင်း တက်ကြွလှုပ်ရှားများက ဆိုသည်။

အဆိုပါ အချက်အလက်များကို ကလေးသေဆုံးမှု ခန့်မှန်းခြေဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီများအဖွဲ့က ဇန်နဝါရီလ ၁၀ ရက် အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ပထမလအတွင်း သေဆုံးခဲ့သည့် မွေးကင်းစ ကလေးငယ် အရေအတွက်မှာ ၂၀၂၁ ခုနှစ်တွင် ၂ ဒသမ ၃ သန်းဖြစ်ပြီး ၂၀၁၇ ခုနှစ်တွင် ၂ ဒသမ ၇ သန်းရှိခဲ့သဖြင့် သိသာစွာ လျော့နည်းလာခြင်း မရှိပေ။

ထိုအချက်အလက်များကို ကြည့်ခြင်းဖြင့် ဘေးကင်းပြီး အရည်အသွေးပြည့်ဝသော ကလေးမွေးဖွား စောင့်ရှောက်မှုအပိုင်းကို ပိုမိုအားကောင်းလာအောင် လုပ်ဆောင်ရာတွင် လိုအပ်ချက်များ ကြီးကြီးမားမား ရှိနေသေးကြောင်း တွေ့နိုင်ပေသည်။

Source: The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here