နေအိမ်ခြံဝင်းအတွင်းရပ်ထားသည့် ၁၂ ဘီးကုန်တင်ကားပေါ်မှ ထိန်းချုပ်ဓာတုပစ္စည်းများအား နမ့်စန်မြို့တွင်ဖမ်းမိ

0
241

ရှမ်းပြည်နယ်၊ နမ့်စန်မြို့၊ ထင်းရှူးမြိုင်ကျေးရွာရှိ နေအိမ်ခြံဝင်းအတွင်း၌ရပ်ထားသည့် ၁၂ ဘီးကုန်တင်ကားပေါ်မှ ဇန်နဝါရီ ၉ ရက်မွန်းတည့်ပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်ခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့သည် နမ့်စန်မြို့၊ ထင်းရှူးမြိုင်ကျေးရွာနေ မလဲ့စန္ဒ(၂၉)နှစ်၏နေအိမ်အား ၀င်ရောက်ရှာဖွေခဲ့ကြသည်။

ထိုသို့ ရှာဖွေရာ မလဲ့စန္ဒာအားမတွေ့ရှိဘဲ နေအိမ်ခြံ၀င်းအတွင်းရပ်ထားသည့် NISSAN ၁၂ ဘီးကုန်တင်ကားအားစစ်ဆေးရာ ကားပေါ်တွင် ကြား၀မ် (၃၀)နှစ်အား ထိန်းချုပ်ဓာတုပစ္စည်း TARTARIC ACID (၆၈၇၅ ကီလို)အားဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးဖော်ထုတ်ချက်အရ မွန်းလွဲ ၂ နာရီခွဲတွင် မလဲ့စန္ဒာ ငှားရမ်းနေထိုင်သည့် နမ့်စန်မြို့၊ ထင်းရှူးမြိုင်ကျေးရွာရှိ နေအိမ်အတွင်းမှ ဖန်ပေါင်းအိုး ၂၀ လုံးနှင့်ကြွေကန်တော့ ၁၀ လုံး၊ ည ၉ နာရီခွဲတွင် မလဲ့စန္ဒာတို့အား ဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် ထိန်းချုပ်ဓာတုပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူ ၂ ဦးအား နမ့်စန်မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here