ကိုဗစ်အန္တရာယ်စိုးရိမ်သဖြင့် မလေးက ကတရုတ်ခရီးသွားများအား သီးသန့်စစ်ဆေးမည်

0
159

ကွာလာလမ်ပူ၊ဇန်နဝါရီ ၁၀

မလေးရှားရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်၌ တရုတ်ခရီးသွားများအတွက် သီးသန့်လမ်းကြောင်းတစ်ခုအသုံးပြုကာ လဝက ကစစ်ဆေးမည်ဖြစ်ကြောင်းသိရှိရသည်။

ယခုလိုပြုလုပ်ခြင်းသည် မလေးရှားနိုင်ငံ၌ ကိုဗစ်ကူးစက်မှုထိန်းချုပ်နိုင်ရန်သာ ရည်ရွယ်ခြင်းဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

နိုင်ငံအတွင်းဝင်ရောက်ချိန်၌ ကိုဗစ်ရှိကြောင်းစစ်ဆေးတွေ့ရှိပါက စောင့်ကြည့်ကုသနိုင်ရန် ကွာရန်တင်းနေရမည်ဟုလည်းသိရသည်။

ကိုယ်ပူချိန်စစ်ဆေးသည့်ကိရိယာများလည်း ထပ်မံတပ်ဆင်မည်ဖြစ်ပြီး ရောဂါလက္ခဏာရှိပါက သက်ဆိုင်ရာကျန်းမာရေးဌာနများသို့ ဆက်လက်လွှဲပြောင်းစစ်ဆေးသွားမည်ဟုလည်းဆိုသည်။

ရောဂါရှိကြောင်းသေချာသည့် ခရီးသွားများအနေဖြင့် ၎င်းတို့၏အိမ် (သို့) တည်းခိုရာနေရာများ၌ သီးသန့်ခွဲနေထိုင်ရမည်ဖြစ်ကာ ရောဂါပြင်းထန်မှုအခြေအနေပေါ်မူတည်၍ လိုအပ်ပါကဆေးရုံသို့ပို့ဆောင်ပေးမည်ဟုလည်းဖော်ပြထားသည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here