ဗြိတိန်နှင့်ဂျပန်တို့ အဓိကကာကွယ်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုး

0
155

လန်ဒန်၊ ဇန်နဝါရီ ၁၁

ဗြိတိန်ဝန်ကြီးချုပ်ဆူးနက်ခ်နှင့်ဂျပန်ဝန်ကြီးချုပ်ကီရှီဒါတို့သည် လန်ဒန်၌တွေ့ဆုံစဉ် အရေးကြီးသည့် ကာကွယ်ရေးသဘောတူညီချက်သစ်တစ်ရပ်ကို လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်းသိရှိရသည်။

၎င်းတို့နှစ်ဦးတွေ့ဆုံစဉ် ဂျပန်၏ G – 7 ဥက္က‌ဌအဖြစ်ဆောင်ရွက်မည့်အခြေအနေနှင့် ယူကရိန်းအတွက် စုပေါင်းရပ်တည်ပေး‌ရန်အရေးကြီးမှုများကိုပါ ထည့်သွင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ပါရှိသည်။

အဆိုပါသဘောတူညီချက်အရ လန်ဒန်တပ်ဖွဲ့များအား ဂျပန်သို့တပ်ဖြန့်ခွင့်ရရှိမည်ဖြစ်ပြီး ယခုသဘောတူညီချက်သည် အင်ဒို – ပစိဖိတ်ဒေသဆိုင်ရာကတိကဝတ်ကို ခိုင်မာစေကာ စီးပွားရေး ဖူလုံမှု အားကောင်းလာစေရန်အတွက် နှစ်နိုင်ငံပူးတွဲကြိုးပမ်းမှုများကို အလေးပေးဖော်ပြနိုင်သည်ဟုလည်းဆိုသည်။

အလားတူပင် ဝန်ကြီးချုပ်ကီရှီဒါ၏ ပြင်သစ်ခရီးစဉ်၌ ပြင်သစ်သမ္မတနှင့်တွေ့ဆုံခဲ့ပြီး ပိုမိုလေးနက်သောပူးပေါင်းဆောင်ရွက်မှုများအတွက်လည်းကတိပြုခဲ့ကြောင်းသိရှိရသည်။

Source – AFP


LEAVE A REPLY

Please enter your comment!
Please enter your name here