၂၀၂၃ ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော်ချစ်ကြည်ရေး ဘတ်စကက်ဘောပြိုင်ပွဲကျင်းပ

0
167

မြန်မာနိုင်ငံတရုတ်ကုန်သည်များအသင်းချုပ်နှင့်မြန်မာနိုင်ငံဘတ်စကက်ဘောအဖွဲ့ချုပ်တို့ပူးပေါင်း၍ ၂၀၂၃ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော်ချစ်ကြည်ရေး ဘတ်စကက်ဘောပြိုင်ပွဲအား သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပလျက်ရှိသည်။

ပြိုင်ပွဲ၏ဖွင့်ပွဲအခမ်းအနားအား ဇန်နဝါရီ ၁၀ ရက်ကကျင်းပရာ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ညွန့်ဝင်းဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E.Mr.ChenHai နှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E.Mr.ChenHai ကတရုတ်နှစ်သစ်ကူးအထိမ်းအမှတ်နှုတ်ခွန်းဆက်စကားနှင့်ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းကအဖွင့်အမှာစကားပြောကြားခဲ့သည်။

ပြိုင်ပွဲတွင် ကွင်းတစ်ဝက်ကစားရသည့် 3 on 3 အသက်၂၀ နှစ်နှင့်အောက်ပြိုင်ပွဲ၌ အမျိုးသား၊အမျိုးသမီး၊ အလွတ်တန်းအမျိုးသား၊ အမျိုးသမီးပြိုင်ပွဲ၊ 5 on 5 အလွတ်တန်းအမျိုးသား၊ အမျိုးသမီးပြိုင်ပွဲများထည့်သွင်းထားကြောင်း သိရသည်။

တရုတ်နှစ်သစ်ကူးနေ့အထိမ်းအမှတ် ချစ်ကြည်ရေးဘတ်စကက်ဘောပြိုင်ပွဲအား ဇန်နဝါရီ ၁၀ ရက်မှ ၁၇ ရက်အထိ ဘက်စကတ်ဘောကစားသမား ၅၀၀ ဦးကျော်ကယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here