အခြေခံပညာကျောင်းများ၏ နှစ်ဆုံးကျောင်းစစ်စာမေးပွဲများ ဖေဖော်ဝါရီ ၁၄ ရက်မှစတင်ကျင်းပမည်

0
311

အခြေခံပညာကျောင်းများ၏ နှစ်ဆုံးကျောင်းတွင်းစစ်စာမေးပွဲများကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်မှ စတင်ကျင်းပသွားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနထံမှ သိရသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအတန်းအသီးသီး၏ ကျောင်းတွင်းစစ် နှစ်ဆုံး စာမေးပွဲများကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်မှ ၂၁ ရက်အထိကျင်းပသွားမည်ဟုဆိုသည်။

အခြေခံပညာ မူလတန်းအဆင့် ပြီးမြောက်မှုစစ်ဆေးခြင်း (Grade-5) အတန်းအတွက် စာမေးပွဲကို ဖေဖော်ဝါရီ ၂၂ရက်မှ ၂၈ ရက်အထိလည်ကောင်း၊ အလယ်တန်းအဆင့် (Grade-9) အတန်းအတွက် စာမေးပွဲကို ဖေဖော်ဝါရီ ၂၂ ရက်မှ မတ်လ ၁ ရက်နေ့အထိ နံနက် ၉ နာရီမှ ၁၁ နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန၏ အသိပေးထုတ်ပြန်ချက် အရသိရသည်။

ထို့အတူအခြေခံပညာ အထက်တန်းအဆင့် စစ်ဆေးခြင်း (Grade 11) သင်ရိုးဟောင်း ကို ဖေဖော်ဝါရီလ ၁၄ ရက်မှ ၂၀ ရက်အထိ ၂၀၂၃ တက္ကသိုလ်၀င်စာမေးပွဲကို မတ်လ ၈ ရက်မှ ၁၈ ရက်အတွင်း ကျင်းပသွားမည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here