ကရာကန်မျိုးကွဲကြောင့် ခရီးဝေးသွားပါက နှာခေါင်းစည်းတပ်သင့်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဆို

0
332

ကိုဗစ်၏နောက်ထပ်မျိုးကွဲတစ်ခု ပျံ့နေသဖြင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် ခရီးဝေးလေယာဉ်ခရီးစဉ်များ၌ ခရီးသွားများကို နှာခေါင်းစည်းတပ်ဆင်ရေး စည်းကမ်းကို စဥ်းစားသင့်သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောကြားခဲ့သည်။

ဥရောပတွင် XBB.1.5 အမည်ရှိ မျိုးကွဲအသစ်ကိုအနည်းငယ်တွေ့ရှိခဲ့ရပြီး ဆက်လက်မြင့်တက်လာနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက သတင်းစာရှင်းလင်းပွဲ၌ပြောကြားခဲ့သည်။

ဥရောပကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အကြီးတန်းအရာရှိ ကက်သရင်းစမော်ဝုဒ်ထ်ကမူ ခရီးသွားများအနေဖြင့် လေယာဉ်ခရီးရှည်စီးခြင်းကဲ့သို့သော ကူးစက်နိုင်ချေမြင့်မားသည့် နေရာများ၌ နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်သင့်သည်ဟု ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုရှိ ဖြစ်ပွားမှုအားလုံး၏ ၂၇ ဒသမ ၆ ရာခိုင်နှုန်းအားတိုင်းတာမှုများအရ XBB.1.5 ကရာကန်မျိုးကွဲသည် အိုမီခရွန်၏ကူးစက်မှုအမြင့်ဆုံးမျိုးကွဲတစ်ခုဖြစ်ကြောင်းသိရှိရသည်။

XBB.1.5 မျိုးကွဲသည် ကမ္ဘာတစ်ဝန်း၌ ကူးစက်မှုလှိုင်းများဖြစ်ပေါ်စေနိုင်ခြင်းရှိမရှိ မသေချာသေးသဖြင့် နိုင်ငံများအနေဖြင့် ခရီးမထွက်မီစစ်ဆေးထားသည့် ရလဒ်အပေါ်သာအာရုံစိုက်သင့်ပြီး မည်သည့် နိုင်ငံ မှ လာသည် ဟူ၍ နိုင်ငံပေါ်မူတည်၍ မဆုံးဖြတ်ရန်လည်းအရေးကြီးကြောင်း‌ပြောကြားခဲ့သည်။

Source : Khmer times


LEAVE A REPLY

Please enter your comment!
Please enter your name here