ရွှေဈေးကစားသူများနှင့် ကောလာဟလ သတင်းလွှင့်သူ များကို အရေးယူမည်ဟု ‌ရန်ကုန်နှင့် မန္တလေးရွှေအသင်း ထုတ်ပြန်

0
179

ရွေဈေးနှုန်းမတည်မငြိမ် ဖြစ်စေရန် ကောလာဟလ သတင်းလွှင့်ကာ ဈေးဆွဲတင်ရန် လုပ်ဆောင်နေသူများအား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း နှင့် မန္တလေးတိုင်းရွှေလုပ်ငန်းရှင်အသင်းက သတင်း ထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းမှ စတင်ကာ ပြည်တွင်းရွှေဈေးကွက်တွင် ဈေးနှုန်း မြင့်တက်မှုများ ဖြစ်ပေါ်နေခြင်း ဖြစ်ပြီး ယင်းသို့ ဖြစ်ပေါ်စေရန် ကောလာဟလဖြန့် ၍ ဈေးကစားမှုများ ရှိနေကြောင်းလည်း ရန်ကုန်ရွှေအသင်းကဆိုသည်။

ရန်ကုန်ရွှေအသင်း၏ အဆိုအရ ပြင်ပဈေးကွက်တွင် ရွှေဈေးနှုန်းမှာ (၂၇) သိန်းကျပ် အောက်သာဖြစ်ကြောင်းဖော်ပြသော်လည်း လက်ရှိတွင် အခေါက်ရွှေ မြင့်တက်လျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်း ရွှေအသင်းကလည်း ပျံ့နှံ့နေသည့် ကောလာဟလများကို မယုံကြည်ရန်နှင့် ရွှေများ အလုအယက်လိုက်လံမဝယ်ယူကြရန် သတိပေးစာ ထုတ်ပြန်ထားသည်။

လက်ရှိတွင် ဌနဆိုင်ရာများမှ သတင်းအမှန်ကို စုံစမ်းလျ က်ရှိပြီး ရွှေဈေးကစားသူများနှင့် ကောလာဟလ ဖြန့်သူ များကို အရေးယူမည် ဖြစ်ကြောင်း ရန်ကုန်ရွှေအသင်းက ဇန်နဝါရီ (၁၁) ရက် ညနေပိုင်းတွင် သတင်း ထုတ်ပြန်ထားသည်။

ယနေ့ ဇန်နဝါရီ (၁၁) ရက် ညနေပိုင်း ဈေးကွက် ပိတ်ချိန်တွင် ပြင်ပရွှေဈေးကွက်၌ အခေါက်ရွှေ တစ်ကျပ်သားလျင် ၂၈၁၅၀၀၀ ကျပ်ဖြင့် ဈေးပိတ်ခဲ့ပြီး (၁၅) ပဲရည် တစ်ကျပ်သားလျင် ၂၅၉၀၀၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်ရွှေအသင်း၏ ယနေ့ရည်ညွှန်းဈေးမှာ ၂၂၁၇၂၀၀ ကျပ်ဖြစ်ပြီး ပြီးခဲ့သည့် တစ်ပတ်အတွင်း ဈေးနှုန်းထက် ၅၀၀၀၀ ကျပ် ဝန်းကျင်ဈေးတင်သတ်မှတ်ထားခြင်းလ ည်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here