ထိုင်းနိုင်ငံသည် ဇွန်လမှ စတင်၍ ခရီးသွား လုပ်ငန်းခွန် ကောက်ခံရန် စီစဉ်နေ

0
181

ဘန်ကောက်၊ ဇန်နဝါရီ ၁၁

ထိုင်းနိုင်ငံသည် ဇွန်လမှစတင်၍ နိုင်ငံတွင်းသို့ ဝင်ရောက်လာသော ပြည်ပ ခရီးသည်များအား တိုးရစ်ဝင်ကြေး ဘတ်ငွေ သုံးရာ (အမေရိကန်ငွေ ၉ ဒေါ်လာ) ကောက်ခံသွားရန် စီစဉ်နေကြောင်း ဝန်ကြီးတစ်ဦးက ဇန်နဝါရီလ ၁၁ ရက် ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ 

ကောက်ခံ၍ ရရှိလာသော ငွေကြေးများအား မတော်မဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသော ခရီးသွားဧည့်သည်များကို ကူညီရန်နှင့် ခရီးသွားများ စိတ်ဝင်စားသည့် နေရာများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသုံးချသွားမည်ဟု သိရသည်။ 

“အလုပ်ပါမစ်နဲ့ လာတဲ့သူေတွနဲ့ နယ်စပ်ဖြတ်သန်းခွင့်ရှိတဲ့ နိုင်ငံခြားသားတွေဆီက အခကြေးငွေ ကောက်ခံမှာ မဟုတ်ဘူး” ဟု ခရီးသွားလုပ်ငန်းဝန်ကြီး ပီဖတ် ရာချကစ်ပရာကန် ကပြောသည်။

အဆိုပါ အဆိုပြုချက်ကို ပြီးခဲ့သည့်နှစ်က ပထမဆုံး ထည့်သွင်းစဉ်းစားခဲ့ပြီး အစိုးရအဖွဲ့၏ အတည်ပြုချက် ရယူရမည်ဖြစ်သည်။

ယခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ ပြည်ပခရီးသည် ၂၅ သန်း ဝင်ရောက်လာရန် မျှော်မှန်းထားပြီး ခရီးသွားလုပ်ငန်း အသုံးစရိတ်မှာ အနည်းဆုံး ထိုင်းဘတ်ငွေ ၂ ဒသမ ၃၈ ထရီလျံကုန်ကျရန် ခန့်မှန်းထားဟု ပီဖတ်က ဆိုသည်။

Source:CNA


LEAVE A REPLY

Please enter your comment!
Please enter your name here