ကိုဗစ်(၁၉)ရောဂါအခြေအနေကြောင့် ၃ နှစ်ခန့်ကြာပိတ်ထားသည့် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားအမှတ်(၁) ယနေ့ပြန်လည်ဖွင့်လှစ်

0
215

မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားအမှတ်(၁)အား ကိုဗစ်(၁၉)ရောဂါအခြေအနေကြောင့် ၃ နှစ်ခန့်ကြာပိတ်ထားခဲ့ရာမှ ဇန်နဝါရီ ၁၂ ရက်(ယနေ့)တွင်ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

မြဝတီခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၊ တာ့က်ခရိုင်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများတက်ရောက်၍ ချစ်ကြည်ရေးတံတားအမှတ်(၁) အား ဖွင့်လှစ်ပေးခဲ့ကြသည်။

မြဝတီ-မဲဆောက်ချစ်ကြည်ရေးတံတားအမှတ်(၁) အား ပြန်လည်ဖွင့်လှစ်နိုင်ရန် နှစ်နိုင်ငံတာဝန်ရှိသူ များ အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက် ယနေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဟု တာ့က်ခရိုင်အုပ်ချုပ်ရေးမှူးမှ တရားဝင်အသိပေးထုတ်ပြန်ခဲ့သည်။

ထို့ပြင် တံတားပြန်လည်ဖွင့်လှစ်နိုင်ရန် မြန်မာနိုင်ငံဘက်ခြမ်းနှင့်ထိုင်းနိုင်ငံဘက်ခြမ်းတို့တွင် သန့်ရှင်းရေးပြုလုပ်ခြင်းနှင့်ပြန်လည်ပြင်ဆင်မှုများကိုလည်း ဇန်နဝါရီလဆန်းပိုင်းမှစတင်၍ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

“လတ်တလောသိရသလောက်ဆိုရင် အိမ်စီးကားတွေကိုပဲဖြတ်ခိုင်းအုံးမယ်လို့သိရတယ် ဘယ်လိုပဲဖြစ်ဖြစ် တံတားပြန်ဖွင့်လိုက်ပြီဆိုထဲက ကောင်းသွားတာပေါ့ဗျာ ကုန်စည်ကူးသန်းရောင်းဝယ်ဖို့အတွက်အများကြီးအဆင်ပြေတာပေါ့”ဟု မြဝတီမြို့နေ ကိုဝင်းဇော်ဦး ကပြောသည်။

မြဝတီ-မဲဆောက်ချစ်ကြည်ရေးတံတားအမှတ်(၁) အား ၁၉၉၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး အရှည် ၁၃၈၀ ပေ၊ အကျယ် ၄၂ ပေ ၈လက်မ ရှိကြောင်း သိရသည်။

Photo Credit – ဘန်ကောက်လမ်းညွှန်ကိုစိုင်း၊CJ


LEAVE A REPLY

Please enter your comment!
Please enter your name here