ယနေ့နံနက်အစောပိုင်းကမန္တလေးတွင် နေအိမ်မီးလောင်မှု ဖြစ်ပွား

0
128

မန္တလေးတိုင်း၊ချမ်းအေးသာစံမြို့နယ်၊ပြည်ကြီးမျက်ရှင်ရပ်ကွက်တွင် ဇန်နဝါရီ ၁၂ ရက်(ယနေ့) နံနက်အစောပိုင်းက လူနေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယနေ့နံနက်အစောင်း ၃ နာရီ ၆ မိနစ်ခန့်က ချမ်း အေးသာစံမြို့နယ်၊ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ၆၃ လမ်း ၊ ၃၃(B) လမ်းထောင့်ရှိ နေအိမ်တစ်လုံးတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဖြစ်စဥ်အား ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်လူမှုကူညီဆရးအသင်းများက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထို့ကြောင့် နံနက် ၃ နာရီ ၂၅ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

“ထိခိုက်ဒဏ်ရာရတာမရှိပါဘူး မီးခိုးမွှန်တာလောက်ပဲရှိပါတယ် မီးလောင်မှုစဖြစ်တဲ့အ ကြောင်းနဲ့ဆုံးရှုံးမှုတန်ဖိုးကို‌တော့ မီးသတ်ကစစ်ဆေးနေပါတယ် “ဟု လူမှုကူ ညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here