ထိုင်းနိုင်ငံ၌ လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မြန်မာနိုင်ငံသား ၂ ဦးနစ်နာကြေးများရရှိ

0
178

ထိုင်းနိုင်ငံ၌ လုပ်ငန်းခွင်အတွင်းထိခိုက်ဒဏ်ရာရရှိခဲ့သည့် မြန်မာနိုင်ငံသား ၂ ဦးနစ်နာကြေးများရရှိခဲ့သည်ဟု ကူညီပေးလျက်ရှိသည့် AAC မဟာမိတ်အဖွဲ့မှ သိရသည်။

ထိုင်းနိုင်ငံ၊ စာမွတ်ပါရာကန်ခရိုင်ရှိ စက်ရုံတစ်ရုံ၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသူတစ်ဦးသည် လုပ်ငန်းခွင်အတွင်း၌ အလုပ်လုပ်ကိုင်နေစဥ် ဖနောင့်ကြေကာပျက်စီးသွားခဲ့သဖြင့် AAC မဟာမိတ်အဖွဲ့မှ ကူညီပေးခဲ့ကြသည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မြန်မာနိုင်ငံသူသည် နစ်နာကြေးအဖြစ် ၄၁၃၀၅၈ ဘတ် ရရှိခဲ့ပြီး ခြေဖနောင့်ကြေကာပျက်စီးသွားသဖြင့် လမ်းလျှောက်ရအဆင်ပြေစေရန် AAC မဟာမိတ်အဖွဲ့မှ ဆေးရုံမှတာဝန်ရှိသူများနှင့်ပူးပေါင်း၍ ကူညီပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် နခွန်ပထုန်ခရိုင်ရှိ ဆီဆန်ဖန်ဝက်သားရုံတွင် မြန်မာနိုင်ငံသားတစ်ဦးသည် အလုပ်လုပ်ကိုင်နေစဥ်ထိခိုက်မိ၍ မျက်လုံးတစ်ဖက်ကွယ်သွားခဲ့၍ AAC မဟာမိတ်အဖွဲ့မှကူညီပေးခဲ့ရာ နစ်နာကြေးအဖြစ် ၂၈၀၀၀၀ ဘတ် ရရှိခဲ့ကြောင်း သိရသည်။

လုပ်ငန်းခွင်အတွင်းထိခိုက်မိ၍ ကွယ်သွားသည့်မျက်လုံးအား AAC မဟာမိတ်အဖွဲ့မှဆေးရုံနှင့်ပူးပေါင်း၍ မျက်လုံးတုတပ်ဆင်ပေးနိုင်ခဲ့သည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here