အမေရိက၌ ကိုဗစ်အားပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ထပ်မံသက်တမ်းတိုး

0
159

ဝါရှင်တန်၊ ဇန်နဝါရီ ၁၁

အမေရိကသည် ကိုဗစ်အားပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ထပ်မံသက်တမ်းတိုးကြေငြာလိုက်ပြီး အမေရိကန်ပြည်သူများအနေဖြင့် ကာကွယ်ဆေး၊ ကုသမှုနှင့်စစ်ဆေးမှုများအား အခမဲ့ဆက်လက်ပြုလုပ်နိုင်ကြောင်းလည်း ကြေငြာခဲ့သည်။

နေ့စဉ်အမေရိကန်နိုင်ငံသား သုံးထောင်နီးပါးသေဆုံးနေချိန် သမ္မတဂျိုးဘိုင်ဒင်၏သမ္မတသက်တမ်းအစ၌ပင် အမေရိက၏ကာကွယ်ဆေးနှင့်ကုသခြင်းရရှိမှု များလာခြင်းကြောင့် ကူးစက်နှုန်းလျော့ပါးသွားခဲ့ကြောင်းလည်းသိရသည်။

သို့သော် အမေရိကန်ပြည်ထောင်စု၌ တစ်ရက်လျှင် လူရာပေါင်းများစွာ ကိုရိုနာဗိုင်းရပ်ကြောင့် သေဆုံးနေရဆဲဖြစ်ကြောင်း အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) မှသိရသည်။

ဆောင်းတွင်း၌ထပ်မံမြင့်တက်လာနိုင်သည့် ကူးစက်ရောဂါအခြေအနေနှင့် ကာကွယ်ဆေး၊ ကုသမှုနှင့်စစ်ဆေးမှုများအား ပုဂ္ဂလိကသို့လွှဲပြောင်းရန်အချိန်လိုအပ်သဖြင့် ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေကာလအား ဇန်နဝါရီ၌ ထပ်တိုးခဲ့ရခြင်းဖြစ်ကြောင်း သမ္မတဘိုင်ဒင်အစိုးရ၏ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

အဆိုပါအရေးပေါ်အခြေနေကာလပြီးဆုံးသွားပါက အစိုးရကျန်းမာရေးအစီအစဉ်များနှင့် ပုဂ္ဂလိကအာမခံအစီအစဉ်များသည် အမေရိကန်နိုင်ငံသားများအတွက် ကုန်ကျစရိတ်မြင့်တက်လာနိုင်သည်ဟုလည်းဆိုခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here