အသစ်ရှာဖွေတွေ့ရှိထားသော ယူရေနီယံ သတ္တုသိုက်များကို အသုံးချ၍ ရေနံပေါ် မှီခိုမှုကို လျော့ချရန် ဆော်ဒီအာရေးဗျ စီစဉ်လျက်ရှိ

0
227

ဆော်ဒီအာရေးဗျသည် ရေနံစိမ်းအပေါ် မှီခိုအားထားနေရမှုကို လျှော့ချနိုင်ရန်အတွက် ၎င်း၏ကိုယ်ပိုင် ယူရေနီယံ အရင်းအမြစ်များကို အသုံးပြုကာ အရပ်ဘက် နျူကလီးယား အစီအစဉ်များကို စတင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

မကြာသေးမီက ပြုလုပ်ခဲ့သော သတ္တု ရှာဖွေရေး လုပ်ဆောင်မှုများအတွင်း နိုင်ငံတစ်ဝန်းရှိ ယူရေနီယံ ထွက်ရှိရာ နေရာများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း နိုင်ငံ့စွမ်းအင်ဝန်ကြီးဖြစ်သည့် မင်းသား အဘ်ဒူလာဇိ့ ဘင် ဆယ်လ်မန်က ဇန်နဝါရီလ ၁၂ ရက် ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့သော တီဗွီအင်တာဗျူးတွင် ပြောကြားခဲ့သည်။

“မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ သတ္တု ရှာဖွေရေး အစီအစဉ်တွေက နေရာအမျိုးမျိုးမှာ ယူရေနီယံ အရင်းအမြစ်မျိုးစုံ တည်ရှိနေတာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ နိုင်ငံတော်ဟာ အဲဒီ ယူရေနီယံအရင်းအမြစ်တွေကို သူရဲ့ မိတ်ဖက်နိုင်ငံတွေနဲ့ ပူးတွဲပရောဂျက်တွေ လုပ်ဖို့အတွက် အသုံးပြုဖို့ ရည်ရွယ်ထားပါတယ်” ဟု သူက ဆိုသည်။

ယူရေနီယံနှင့် ဆက်စပ်နေသည့် မည်သည့်လုပ်ငန်းမဆိုနှင့် ယူရေနီယံကို နျူကလီးယား အစီအစဉ်တွင် အသုံးပြုပုံတို့ကို နိုင်ငံတကာအတွက် ချမှတ်ထားသော တာဝန်ဝတ္တရားများနှင့် ပွင့်လင်းမြင်သာသော စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်မည်ဟု အာမခံကြောင်း ဘင်ဆယ်လ်မန်က ပြောကြားခဲ့သည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here