ရေစကြိုမြို့နယ် လဝကရုံး ယနေ့မီးလောင်မှုဖြစ်ပွား၊ ရှို့မီးဖြစ်ကြောင်း ဒေသခံအချို့ပြော

0
199

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် ယနေ့ နံနက် ၁ နာရီ ၃၀မိနစ် အချိန်ခန့်က မီးလာင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောသည်။

အဆိုပါမီးလောင်ကျွမ်းမှုသည် ရေစကြိုမြို့နယ်၊ အမှတ်(၇)၊ ရန်ကင်းရပ်ကွက်ရှိ လူဝန်မှုကြီးကြပ်ရေးဦးစီးဌာနရုံး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ရှို့မီးဖြစ်သည်ဟု ဆိုသည်။

” ရှို့မီးလို့တော့ပြောကြတယ်။ အ‌ခြေ
အနေတွေက ရှုပ်ထွေးပါတယ်။ လောလောဆယ်တော့ တစ်ရုံးလုံးနီးပါးလိုလို လောင်သွားတာ။ အခြားပျက်ဆီးဆုံးရှုံးမှုတွေလည်း ရှိနေတယ်” ဟု ဆိုသည်။

အဆိုပါ မီးလောင်မှုကြောင့် ရုံးအတွင်းရှိ လုပ်ငန်းနှင့်သက်ဆိုင်သည့် ဖိုင်တွဲများအား ဓာတ်ဆီလောင်းမီးရှို့ခဲ့ရာမှ (၉၆x၁၆) ပေခန့်ရှိ သွပ်မိုး၊ ပျဉ်ထောင်(၁)ထပ် ရုံးအဆောက်အအုံ(၁)လုံး၊ (၁၈x၃၀)ပေခန့်ရှိ သွပ်မိုး၊ အုပ်ညှပ်(၁)ထပ် ရုံးအဆောက်အအုံ(၁)လုံး၊ Kenbo -125 ရုံးဆိုင် ကယ်(ပျက်)(၁)စီး၊ Dayan-125ဆိုင်ကယ်(၃)စီးခန့်နှင့် ရုံးအမှုတွဲစာရွက် စာတမ်းများ၊ ရုံးအသုံး အဆောင်ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်း ဒေသတွင် သတင်းကွန်ရက်များ၏ သတင်းဖော်ပြချက်အရ သိရသည်။

ယင်း မီးလောင်ကျွမ်းမှုသည် PDF အဖွဲ့ က မီးရှို့ဖျက်ဆီးခြင်းဖြစ်ကြောင်း ရုပ်သံဖိုင်တစ်ခုလည်း လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here