အိန္ဒိယသည် သုံးလအတွင်း တရုတ်ကိုကျော်၍ ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံဖြစ်လာမည်ဟု ကုလသမဂ္ဂ ခန့်မှန်း

0
152

အိန္ဒိယနိုင်ငံ၏ လူဦးရေသည် ယခုနှစ် ဧပြီလ ၁၄ ရက်တွင် တရုတ်နိုင်ငံကို ကျော်၍ ကမ္ဘာ့လူဦးရေ အများဆုံးဖြစ်လာမည်ဟု ကုလသမဂ္ဂ အစီရင်ခံစာက ခန်မှန့်ထားသည်။

ယခုလက်ရှိတွင် အိန္ဒိယ၌ လူဦးရေ ၁ ဒသမ ၄၁ ဘီလျံရှိပြီး တရုတ်တွင် ၁ ဒသမ ၄၅ ဘီလျံရှိနေသည်။

သို့ရာတွင် အိန္ဒိယသည် တရုတ်နိုင်ငံထက် ကလေးမွေးဖွားနှုန်း မြင့်မားပြီး လူငယ်ဦးရေ ပိုများသောကြောင့် ၁၉၅၀ ပြည့်နှစ်ကတည်းက ကမ္ဘာ့လူဦးရေ အများဆုံးနိုင်ငံအဖြစ် ရပ်တည်နေသော ပေကျင်း၏ ဂုဏ်ပုဒ်ကို လွှဲပြောင်းယူသွားမည် ဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် လက်ရှိလူဦးရေ၏ ထက်ဝက်နီးပါးသည် အသက် ၂၅ နှစ်အောက်အရွယ်များ ဖြစ်ကြပြီး လေးပုံတစ်ပုံမှာ အသက် ၁၅ နှစ်အောက်အရွယ်များဖြစ်သည်။

သို့ရာတွင် တရုတ်မှာမူ လူဦးရေ၏ လေးပုံတစ်ပုံသည်သာ အသက် ၂၅ နှစ်အောက်အရွယ်များ ဖြစ်ကြသည်။

အိန္ဒိယ၏ လူဦးရေမှာ လျင်မြန်စွာ တိုးပွားလာနေပြီး တရုတ်နိုင်ငံမှာမူ တဖြည်းဖြည်း ကျဆင်းလာနေသောကြောင့် အထက်ပါဂုဏ်ပုဒ်အား ၂၁ ရာစုအကုန်အထိ အိန္ဒိယက ဆက်လက် ထိန်းသိမ်းသွားနိုင်မည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

Source: Dailymail


LEAVE A REPLY

Please enter your comment!
Please enter your name here