အောင်လံမြို့ ညောင်ပင်ဆိပ်ကျေးရွာအဝင်လမ်းကွေ့တွင် အုတ်သယ်ယာဉ်တိမ်းမှောက်မှုကြောင့် ၂ ဦးသေ ၄ ဦး ဒဏ်ရာရ

0
165

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ ညောင်ပင်ဆိပ်ကျေးရွာအဝင်လမ်းကွေ့တွင် ယနေ့နံနက်က အုတ်သယ်ယာဉ်တိမ်းမှောက်မှုကြောင့် ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယနေ့ (ဇန်နဝါရီ ၁၂ ရက်) နံနက် ၇ နာရီ ၂၅ မိနစ်ခန့်တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြလို့နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရသည်။

ထိုသို့ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၆)ဦးအနက် (၂)ဦး(သေဆုံး) ခဲ့ပြီး (၂)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ) နှင့် (၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သည့်အတွက် ပုညကုသလနာရေးကူညီမှုအသင်းယာဉ်၊ မြတ်မေတ္တာလူမှုကူညီရေးအသင်းယာဉ်တို့ဖြင့် ပြလို့တိုက်နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here