ရုရှားနှင့်ယူကရိန်းတို့ တူကီယေး၌တွေ့ဆုံစဉ် အကျဉ်းသားလဲလှယ်ရန်သဘောတူညီခဲ့ကြ

0
135

အန်ကာရာ၊ဇန်နဝါရီ ၁၁

ရုရှားနှင့်ယူကရိန်းတို့သည် တူကီယေး၌ ရှားရှားပါးပါးတွေ့ဆုံဆွေးနွေးစဉ် အကျဉ်းသားထပ်မံလဲလှယ်ရန်ကတိပြုခဲ့ကြပြီး စစ်ပွဲဇုန်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရပ်ဝန်း တစ်ခုဖန်တီးရန်လည်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။

အဆိုပါဆွေးနွေးပွဲ၌ ရုရှားနှင့်ယူကရိန်းတို့သည် အကျဉ်းသား ၄၀ ကျော်ထပ်မံလဲလှယ်ရန် ဆွေးနွေးခဲ့ကြကြောင်းသိရှိရသည်။

ယူကရိန်းနှင့်ရုရှားတို့သည် ပြီးခဲ့သည့် ၁၁ လတာကာလအတွင်း တိုက်ပွဲများဖြင့် မတည်မငြိမ်ဖြစ်နေသော်လည်း အကျဉ်းသား လဲလှယ်ရေးများကိုသဘောတူညီနိုင်ခဲ့ကြသည်။

ယခုတွေ့ဆုံဆွေးနွေးမှုအား တူကီယေး၌ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နေတိုးအဖွဲ့ဝင်တူကီယေးသည် ရုရှားနှင့်ယူကရိန်းအကြား မည်သည့်ဘက်မျှမလိုက်ဘဲ ကြားမှရပ်တည်ကာ နှစ်ဖက်အားညှိနှိုင်းပေးရန် ကြိုးပမ်းခဲ့သည့်နိုင်ငံလည်းဖြစ်သည်။

Source : AFP

Photo : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here