မန္တလေးတိုင်း၌ ညမထွက်ရအမိန့်အချိန်ပြောင်း လဲသည်ဟု သတင်းထွက်ပေါ်နေခြင်းမှာ ကောလဟလသာဖြစ်

0
110

မန္တလေးတိုင်းအတွင်း၌ ရာဇဝတ်ကျင့်ထံဒးဥပဒေပုဒ်မ ၁၄၄ အရထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်အချိန်အား ပြောင်းလဲခဲ့သည်ဟု ပြင်ပ၌သ တင်းများထွက်ပေါ်လျက်ရှိသည်။

ထိုသို့ သတင်းထွက်ပေါ်နေမှုအား နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ သတင်းဌာနတစ်ခု၏ မေး မြန်းမှုအပေါ် “ကောလာဟလဖြစ်ပါသည် ယခင်အတိုင်းပြောင်းလဲမှုမရှိပါ”ပြန်လည်ဖြေကြားထား သည်။

“ညမထွက်ရအမိန့်က အချိန်ပြောင်းလဲမှုမရှိပါဘူး အရင်ကအတိုင်းပဲ ည ၁၂ နာရီကနေ နောက်တစ်နေ့မနက် ၄ နာရီအထိပါ အချိန်ပြောင်းလဲမှုရှိတယ်ဆိုရင် ကျွန်တော်တို့သိရမှာပေါ့ ကောလဟလသတင်းပါ”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ကောလဟလသတင်းထွက်ပေါ်ခဲ့သည့် ညမထွက်ရအမိန့်အချိန်သည် ည ၈ နာရီမှနောက်တစ်နေ့ နံ နက် ၄ နာရီအထိဖြစ်ကြောင်း သတင်းထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

“မရှိပါဘူးဗျာ ညမထွက်ရအချိန်ပြောင်းတယ်ဆိုရင် ရပ်ကွက်ထဲမှာအသံချဲ့စက်နဲ့လိုက်အော်တာပဲလေ အခုဘာမှအော်တာမရှိဘူး ပုံမှန်အတိုင်းပဲ”ဟု မန္တလေးမြို့ခံတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here