ဗီဇာသက်တမ်း ရက် (၆၀) အောက်သာ ကျန်သည့် နိုင်ငံ ခြားသားများ၏ ဗီဇာသက်တမ်းတိုးမှုကို လုံးဝဆောင်ရွက်ပေးမည် မဟုတ်ဟုဆို

0
136

ပြည်တွင်း ကုမ္ပဏီများရှိ နိုင်ငံခြားသားများ၏ ဗီဇာသက် တမ်းတိုးလျောက်ထားမှုတွင် ဗီဇာသက်တမ်း အနည်းဆုံး ရက် (၆၀) မကျန်ရှိသော လျောက်ထားးခြင်းများကို လုံးဝ (လုံးဝ)ဆောင်ရွက်ပေးမည် မဟုတ်ကြောင်း မြန်မာနိုင် ငံရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနက ဇန်နဝါရီ (၁၁) ရက်တွင် ထပ်မံအသိ‌ပေးထုတ်ပြန်ကြေ ညာထားသည်။

ယခုအခါတွင် နိုင်ငံခြားသားများအနေဖြင့် ဗီဇာသက်တ မ်း ရက်ပေါင်း (၆၀) မကျန်ရှိဘဲ လာရောက် လျောက်ထားနေမှုများကို တွေ့ရှိနေရပြီး၊ ၎င်းတို့၏ ယခင် ဗီဇာသက်တမ်း မကုန်ဆုံးမီ အနည်းဆုံး ရက် (၆၀) ကြိုတင်လျောက်ထားကြရန် လိုအပ်ကြောင်း အသိပေးထားခြင်းဖြစ်သည်။

ယင်းလျောက်ထားမှုအတွက် ပြီးခဲ့သော ၂၀၂၂ ခုနှစ် နို ဝင်ဘာ (၁) ရက်တွင် ကုမ္ပဏီများမှ ဗီဇာသက်တမ်းတိုးထောက်ခံချက်ရယူလိုသည့် နိုင်ငံခြားသားများအနေဖြင့် ၎င်းတို့၏ ဗီဇာသက်တမ်း မကုန်ဆုံးမီ အနည်းဆုံးရက် (၆၀) ကြိုတင်လျောက်ထားရမည်ဟု အသိပေးထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

 ၂၀၂၂ ခုနှစ် ဒီဇင်ဘာ (၁၂) ရက်တွင် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ ၄၃၀ (စ)အရ ကုမ္ပဏီပေါင်း ၁၀၀ ကို

မှတ်ပုံတင်စာရင်းမှပယ်ဖျက်ထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုညွှန်ကြားရေးဦးစီးဌာန၏ စာရင်းအချက်အ လက်များအရသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here