တာချီလိတ်မြို့နယ်တွင် အသက်(၆၀)နှစ်ခန့်ရှိ အ မျိုးသားကြီးတစ်ဦးနှင့်လူလတ်ပိုင်းအရွယ်အမျိုး သားတို့၏ နေအိမ် ၂ လုံးအတွင်းမှ စိတ်ကြွဆေးပြားများဖမ်းမိ

0
321

ရှမ်းပြည်နယ်၊တာချီလိတ်မြို့နယ်၊ဟိုခိုကျေးရွာနှင့်ဆန်နားကျေးရွာတို့ရှိ နေအိမ် ၂ လုံးအတွင်းမှ ဇန်နဝါရီ ၁၀ ရက်က ဖမ်းဆီးရမိခဲ့ခြင်းဖြစ် ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့ည ၆ နာရီ ၄၅ မိနစ်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၀င်များပါ၀င်သည် ဟိုခိုကျေးရွာအနီးရှိ အိုက်ကျန်(၅၈)နှစ်၏ နေအိမ်အတွင်းမှ စိတ်ကြွဆေးပြား ၅၀၀၀ ပြားအားဖမ်းဆီးရမိခဲ့ကြသည်။

ထို့ပြင် ညနေ ၄ နာရီခွဲတွင်လည်း ရှမ်းပြည်နယ်ရဲ တပ်ဖွဲ့၀င်များသည် ဆန်နားကျေးရွာနေ စိုင်းရှဲန်နွံ(၃၇)နှစ်၏နေအိမ်အား သတင်းအရ ၀င်ရောက်ရှာဖွေခဲ့ကြသည်။

စိုင်းရှဲန်နွံနှင့်အတူ နေအိမ်ခြံဝင်းအတွင်းမှ စိတ် ကြွဆေးပြား ၁၀၀၀၀ ပြားအား ရှာဖွေဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ထိုသို့ စိတ်ကြွဆေးပြားများနှင့်အတူဖမ်းဆီးရမိသူ ၂ ဦးအား ဟောင်လိတ်နယ်မြေရဲစခန်းတွင် မူး ယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေး ဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here