အကယ်ဒမီ ရှုမဝစမ်းစမ်းအေး ၏ လူမှုထူးချွန် ဂုဏ်ပြုဆုငွေကျပ်( ၄ )သိန်းအား မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ လှူဒါန်း

0
512

အကယ်ဒမီ ရှုမဝစမ်းစမ်းအေးအား နိုင်ငံတော်မှ ချီးမြှင့်သည့် ဂုဏ်ပြုဆုငွေ ကျပ်( ၄)သိန်းအား ၎င်း၏ သားဖြစ်သူမှ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးသို့ ယနေ့ ဇန်နဝါရီ ၁၂ ရက်နေ့တွင် လာရောက် လှူဒါန်းခဲ့ပါသည်။

နိုင်ငံတော်မှ အကယ်ဒမီ ရှုမဝ စမ်းစမ်းအေးအားလူမှုထူးချွန်ဆု ဒုတိယဆုတံဆိပ်နဲ့ ဂုဏ်ပြုငွေ ကျပ်၄သိန်းကို ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

အကယ်ဒမီ ရှုမဝ‌စမ်းစမ်းအေးသည် ဇာတ်ကား‌ပေါင်းများစွာမှာပါဝင် ရိုက်ကူးခဲ့သူဖြစ်သည်။ရှုမဝစမ်းစမ်းအေး ပါဝင်သရုပ်ဆောင်ခဲ့​သော အပယ်ရတနာ၊ ဒေါင်းမလေး၊ ပန်းရုံ၊ ပန်းနွယ်ကစိမ်း၊ ခြေဖဝါးတော်နုနု၊ နေထွက်သောည၊ ပစ်မှတ်၊ စိန်ခေါ်နေသည့်အချစ်၊ ချစ်သူရွေးမယ် ချစ်ဝဲလည် ရုပ်ရှင်ဇာတ်ကားများမှာ ထင်ရှားခဲ့ပြီး ထို​ဇာတ်ကားများအနက် ၁၉၉၃-ခုနှစ်မှာ “စိန်ခေါ်နေတဲ့အချစ်'”ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး မင်းသမီး ဇာတ်ပို့ဆု အကယ်ဒမီဆုကို ရရှိခဲ့ခြင်းဖြစ်ပါသည်။

အကယ်ဒမီ ရှုမဝစမ်းစမ်းအေး မကွယ်လွန်မီအချိန်အထိ ကားကြီးပေါင်း ၁၀၀ ကျော်နှင့် ဗီဒီယို ဇာတ်ကားပေါင်း ၄၀၀ ကျော်ခန့် ရိုက်ကူးခဲ့ပြီး  ရုပ်ရှင်ဇာတ်ကားများကို ရိုက်ကူးရင်း ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ရောဂါဖြင့်အသက် (၆၂)နှစ်အရွယ် ၂၀၀၇-ခုနှစ် ဧပြီလ (၄)ရက်နေ့တွင်ကွယ်လွန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here