လေဆိပ်တွင် မေ့ကျန်ရစ်ခဲ့သော ခရီးသည် ၅၅ ဦးအား Go First လေကြောင်းလိုင်းမှ တောင်းပန်

0
325

ခရီးသည် ၅၅ ဦးကို အိန္ဒိယနိုင်ငံ Kempegowda အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် မေ့လျော့ ချန်ထားခဲ့တစ်ရက်အကြာတွင် ယင်းလေကြောင်းလိုင်းဖြစ်သော Go First က ချန်ထားခဲ့မိသော ခရီးသည် ၅၅ ဦးအား တောင်းပန်ခဲ့သည်။

အဆိုပါ မေ့ကျန်ရစ်ခဲ့သည့် ခရီးသည် ၅၅ ဦးစလုံးအား တစ်နှစ်တာကာလအတွင်း Go First လေကြောင်းဖြင့် ပြည်တွင်း  ခရီးစဉ် တစ်ကြိမ် အခမဲ့စီးနင်းခွင့်လက်မှတ်များ ထုတ်ပေးသွားမည်ဖြစ်ကြောင်းကိုလည်း ယင်းလေကြောင်းလိုင်းက ကြေညာသည်။

ဇန်နဝါရီ ၉ ရက်နေ့က Bengaluru မှ နယူးဒေလီသို့ နံနက် ၆ နာရီခွဲတွင် ထွက်ခွာမည့် Go First လေကြောင်း၏ ခရီးစဉ်အမှတ်  G8 116 လေယာဉ်ဝယ် လိုက်ပါစီးနင်းမည့် ခရီးသည်များအနက် ၅၅ ဦးကို လေယာဉ်ကွင်းထဲတွင် သယ်ယူပို့ဆောင်ပေးသည့် ဘတ်စ်ကားပေါ်၌ ချန်ထားခဲ့ကာ လေယာဉ်ကို ပျံတက်ထွက်ခွာခဲ့ခြင်းဖြစ်သည်။ ထို့နောက် နာရီအနည်းငယ်အကြာတွင်မှ ယင်းခရီးသည် ၅၅ ဦးကို အခြားလေယာဉ်တစ်စင်းဖြင့် နယူးဒေလီသို့ သယ်ယူပို့ဆောင်ပေးခဲ့ရသည်။

ထိုသို့ မေ့ကျန်ခဲ့ခြင်းအပေါ် အိန္ဒိယနိုင်ငံပြည်တွင်လေကြောင်းညွှန်ကြားမှုဦးစီးဌာနရုံးကလည်း Go First လေကြောင်းလိုင်းကို သတိပေးချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here