တရုတ်နိုင်ငံတွင် လမ်းသွားလမ်းလာများအား ပြိုင်ကားတစ်စီး အရှိန်ပြင်းပြင်းဖြင့် ဝင်တိုက်ရာ လူငါးဦးသေဆုံး

0
182

တရုတ်နိုင်ငံ ကွမ်ကျိုးမြို့ရှိ လူသွားလူလာများသော လူကူးမျဉ်းကြားနှစ်ခုတွင် ပြိုင်ကားတစ်စီးသည် လမ်းကူးနေသော လူအုပ်ထဲသို့ အရှိန်ပြင်းပြင်းဖြင့် ဝင်တိုက်ခဲ့ရာ လူငါးဦး သေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့နောက် ယာဉ်မောင်းသူမှာ အခင်းဖြစ်ပွားရာနေရာမှ အမြန်ထွက်ပြေးသွားခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြထားသည်။

ဗုဒ္ဓဟူးနေ့တွင် ထို့ကဲ့သို့ ယာဉ်တိုက်မှုကြီးဖြစ်ပွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့သည် တရားခံဟု ယူဆရသည့် အသက် ၂၂ နှစ်အရွယ်အား ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း တရုတ်နိုင်ငံပိုင် သတင်းဌာန ဂလိုဘယ် တိုမ်းစ်က ဇန်နဝါရီလ ၁၂ ရက်နေ့ ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။

ထိုဖြစ်ရပ်နှင့် ပတ်သက်၍ အခြားယာဉ်များရှိကင်မရာများက ရိုက်ကူးခဲ့မိသော ဗီဒီယိုကလစ် အများအပြားသည်လည်း ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့လာခဲ့သည်။

ရိုက်တာသတင်းဌာနက ရယူထားသည့် ဗီဒီယိုဖိုတွင် အမည်းရောင် ပြိုင်ကားတစ်စီးသည် အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်လာရာမှ လမ်းသွားလမ်းလာများကို ဝင်တိုက်ခဲ့မိပြီး ထွက်ပြေး တိမ်းရှောင်းသွားကြောင်း ညွှန်ပြထားသည်။

ယာဉ်မောင်းသူသည် ထွက်မပြေးခင် လက်တစ်ဆုပ် ငွေစက္ကူများကို ကားထဲမှ ပစ်ချခဲ့သည်ဟု အွန်းလိုင်းပေါ်ရှိ ဗီဒီယိုတစ်ခုတွင် ဖော်ပြထားသည်။

ဒေသဆိုင်ရာ အာဏာပိုင်များသည် အဆိုပါယာဉ်မောင်းသူအား ဖမ်းဆီးခဲ့ပြီး ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးနေကြောင်း တရုတ် ကမ္ဘာလုံးဆိုင်ရာ ရုပ်မြင်သံကြား ကွန်ရက် (CGTN) ကဖော်ပြထားသည်။ အခြားအသေးစိတ် အချက်အလက်များကိုမူ ဖော်ပြထားခြင်း မရှိပေ။

Source: Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here