တရုတ်ခရီးသွားများအား အခမ်းအနားဖြင့်တရားဝင်ကြိုဆိုမည်ဟု ကမ္ဘောဒီးယားဆို

0
279

ဖနွမ်းပင်၊ဇန်နဝါရီ ၁၂

ကမ္ဘောဒီးယားခရီးသွားဝန်ကြီးဌာနအနေဖြင့် တရုတ်ခရီးသွားများအား အခမ်းအနားဖြင့်ကြိုဆိုရန် စီစဉ်နေသည်ဟုသိရှိရသည်။

အဆိုပါကြိုဆိုပွဲကို ကမ္ဘောဒီးယားနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာလေဆိပ်သုံးခုအနက် တစ်ခုတွင် ကျင်းပရန်စီစဉ်ထားပြီး ဝန်ကြီးဌာနသည် အခမ်းအနား၏ တရားဝင်အချိန်ဇယားအတိုင်းကျင်းပနိုင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်းပြောကြားခဲ့သည်။

ကမ္ဘောဒီးယားအနေဖြင့် တရုတ်မှကမ္ဘောဒီးယားသို့လေယာဉ်ချိန်များကိုကြည့်ကာ တရုတ်ခရီးသွားများအား နွေးထွေးစွာကြိုဆိုနိုင်ရန် သင့်လျော်သည့်အချိန်အား ရှာဖွေရွေးချယ်နေကြောင်း ဝန်ကြီးကပြောကြားခဲ့သည်။

တရုတ်အစိုးရက နယ်နိမိတ်များပြန်လည်ဖွင့်လှစ်လိုက်ကြောင်း ကြေငြာသည့်နေ့မှစ၍ ကမ္ဘောဒီးယား – တရုတ်လေယာဉ်ခရီးစဉ်သည် တစ်နေ့လျှင်ငါးကြိမ်ခန့် ပျံသန်းလျက်ရှိကြောင်းသိရသည်။

ဝန်ကြီးချုပ်ဟွန်ဆန်ကလည်း ၂၀၂၃ ခုနှစ်၌ ကမ္ဘောဒီးယားသို့ တရုတ်ခရီးသွားနှစ်သန်းခန့်ဝင်ရောက်နိုင်ကြောင်းခန့်မှန်းထားပြီး ကမ္ဘောဒီးယား – တရုတ်သံတမန်ဆက်ဆံရေး ၆၅ နှစ်ပြည့်အထမ်းအမှတ်အနေနှင့်လည်း ယခုကဲ့သို့ပြုလုပ်ရခြင်းဖြစ်ကြောင်းသိရှိရသည်။

Source : Khmer times


LEAVE A REPLY

Please enter your comment!
Please enter your name here