အုတ်ကျင်း ဘူတာရုံလမ်းပေါ်ရှိ ရေခဲစက်ရုံမှ အမိုးနီးယား ဓာတ်ငွေ့ ယိုစိမ့်မှုဖြစ်၍ အရေးပေါ် ကယ်ဆယ်ရေးများ လုပ်ဆောင်နေရ

0
334

လှိုင်မြို့နယ်၊ အုတ်ကျင်း-ဘူတာရုံလမ်းပေါ်ရှိ ရေခဲစက်ရုံမှ အမိုးနီးယားပိုက်လိုင်း ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားကာ အရေးပေါ် ကယ်ဆယ်ရေးများ လက်ရှိအချိန်ထိ လု ပ်ဆောင်နေရကြောင်း သိရသည်။

ယနေ့ ညအစောပိုင်းက စတင်ဖြစ်ပွားနေခြင်း ဖြစ်ပြီး မြန် မာနိုင်ငံ မီးသတ်တပ်ဖွဲ့အပါအဝင် အရေးပေါ် ကယ်ဆယ်ရေးအသင်းများမှ လက်ရှိအချိန်ထိ အရေးပေါ် ကယ်ဆယ်ရေး လုပ်ဆောင်နေရဆဲဖြစ်ကြောင်း သိရသည်။

အမိုးနီးယား ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် အနံဆိုးများထွက်ကာ အနီးပတ်ဝန်းကျင်ရှိပြည်သူများ မူးဝေအော့အန်ကာ သတိလစ် မေ့မျောမှုများ ဖြစ်ပေါ်နေပြီး ‌အချို့ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းမှုများ ပြုလုပ်ထားရကြောင်း ရပ်ကွက်နေ ပြည်သူအချို့ထံမှ သိရသည်။

” လက်ရှိကတော့ ဓာတ်ငွေ့ယိုစိမ့်မှုကတော့ ဆက်ဖြစ်နေဆဲပါ ခင်ဗျ။ လူနာတွေလည်း တက်လို့ လိုအပ်တဲ့ ကယ်ဆယ်ရေး လုပ်နေတုန်းပါ ခင်ဗျ။ ဘာမှ ကြိုပြောလို့ မရသေးပါဘူး။ ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက်နေဆဲအဆင့်ပဲ ရှိပါသေးတယ်။ လူနာက ခန့်မှန်းခြေ ၅၀ အထက်ရှိပါတယ် ။ သေချာတော့ မပြောနိုင်ဘူး။ ခန့်မှန်းပြော တာပါ” ဟု မြေပြင်သို့ရောက်ရှိနေသည့် ရွှေရောင်သမိုင်း အရေးပေါ်ကယ်ဆယ်ရေးမသင်း ဥက္ကဋ္ဌ ကိုဇွဲရန်နိုင်က ပြောသည်။

အဆိုပါ ဓာတ်ငွေ ယို့စိမ့်မှုဖြစ်ပွားသည်ကို ယနေ့ည ၈ နာရီဝန်းကျင်က စတင်သတိထားမိခြင်း ဖြစ်ပြီး လက်ရှိတွင် မီးသတ်တပ်ဖွဲ့များမှ ထိန်းချုပ်နိုင်ရန် လုပ်ဆောင်လျက် ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။

Photo Credit- Aung Zaw Thant FB page


LEAVE A REPLY

Please enter your comment!
Please enter your name here