ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်၌ မြန်မာ့ပထမဆုံးဆင်ပြတိုက်ဖွင့်လှစ်

0
221

ရန်ကုန်တိရစ္ဆာန်ဥယျာဥ်အတွင်း၌ နိုင်ငံတကာအဆင့်မီ မြန်မာ့ပထမဆုံးဆင်ပြတိုက်အား စတင်ဖွင့်လှစ်ပြသထားကြောင်း သိရသည်။

သဘာဝတောတွင်း၌ နေထိုင်ကျက်စားသည့် တောဆင်ရိုင်းများအား ထိန်းသိမ်းကာကွယ်နိုင်ရန်၊ဆင်နှင့်လူတို့ကြား ပဋိပက္ခဖြစ်ပွားမှုများကို လျော့နည်းလာစေရန်ရည်ရွယ်၍ ဆင်ပြတိုက်အား ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှု၊ဆင်နှင့်ဆင်အစိတ်အပိုင်းများအား တရားမဝင်ရောင်း ဝယ်နေမှုများကို တားဆီးနှိမ်နင်းရာ၌ ပြည်သူလူ ထုပူးပေါင်းကူညီဆောင်ရွက်လာစေရန် ရည်ရွယ် ၍လည်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆင်ပြတိုက်၌ အာရှဆင်များ၏ ပျံ့နှံ့ကျက်စားရာဒေသများ၊အလေ့အထ​များ၊မြန်မာ နိုင်ငံအတွင်း တောဆင်ရိုင်းများပျံ့နှံ့ကျက်စားပုံ၊ အမူအကျင့်များနှင့်၎င်းတို့၏ ခေတ်အဆက်ဆက် သမိုင်းကြောင်းအသေးစိတ်များအား လေ့လာကြည့်ရှူနိုင်ကြောင်း သိရသည်။

ထို့ပြင် ပြင်ပ၌တွေ့ရှိရန်ခက်ခဲသည့် ရှားပါးဆင်အစိတ်အပိုင်းများ၊အသုံးအဆောင်ပစ္စည်းများ၊ကျောက်ဖြစ်ရုပ်ကြွင်းများ၊အရိုးစုရုပ်ပုံ၊အစွယ်များ၊ဆင်အစိတ်အပိုင်းများဖြင့် ပြုလုပ်ထားသည့် မြန်မာ့ရိုးရာလက်မှုပစ္စည်းများကိုလည်း ခင်း ကျင်းပြသထားကြောင်း သိရသည်။

ဆင်များနှင့်ပတ်သက်၍ ရေးသားထားသည့် စာ အုပ်များကိုလည်း လေ့လာဖတ်ရှူနိုင်ရန် ပြတိုက်အတွင်း၌ ထားရှိပေးထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here