ချဲလ်ဆီးနဲ့ ပွဲဦးထွက်မှာပဲ အနီကတ်ထိခဲ့တဲ့ ဂျာအိုဖီးလစ်

0
133

ချဲလ်ဆီးအသင်းကို မကြာသေးခင်ကမှ အငှားနဲ့ ရောက်လာတဲ့ ဂျာအိုဖီးလစ်ဟာ သူ့ရဲ့ ပွဲဦးထွက်ပွဲစဉ်ဖြစ်တဲ့ ဖူဟမ်အသင်းနဲ့ပွဲစဉ်မှာ တိုက်ရိုက်အနီကတ် ထိခဲ့ပါတယ်။

ဂျာအိုဖီးလစ်ဟာ အဲ့ဒီပွဲစဉ်မှာ အခြား ချဲလ်ဆီးကစားသမားတွေထက်သာလွန်တဲ့ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ပွဲကစားချိန် ၅၈ မိနစ်မှာ တစ်ဖက်ကစားသမားကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် တိုက်ရိုက်အနီကတ်ထိခဲ့ပြီး ချဲလ်ဆီးနဲ့ နောက် ၃ ပွဲ သို့မဟုတ် ၄ ပွဲ လွဲချော်တော့မှာ ဖြစ်ပါတယ်။

ဖူဟမ် နဲ့ ချဲလ်ဆီး ပွဲစဉ်ဟာ အနောက်လန်ဒန်ဒါဘီပွဲစဉ်ဖြစ်တာနဲ့အညီ ဖျော်ဖြေမှု အပြည့်ပေးခဲ့ပြီး အိမ်ရှင်ဖက်က အဝါ ၄ကတ် ၊ ဧည့်သည်ဖက်က အဝါ ၃ကတ် ၊ အနီ တကတ် အထိ ပြသခံခဲ့ရပါတယ်။ ပွဲအပြီးမှာတော့ အိမ်ရှင် ဖူဟမ်အသင်းက ချဲလ်ဆီးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ဒီရလဒ်ကြောင့် ချဲလ်ဆီးဟာ နောက်ဆုံး ပရီးမီးယားလိဂ် ၉ ပွဲမှာ ၁ ပွဲပဲ အနိုင်ရခဲ့တဲ့အတွက် ချဲလ်ဆီး နည်းပြ ဂရေဟမ် ပေါ်တာကတော့ ချဲလ်ဆီး ပရိသတ်တွေရဲ့ ဝေဖန်မှုတွေ ခံနေရပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here