ချမ်းမြသာစည်မြို့နယ်ရှိ ဝသုန္ဒြေဓမ္မာရုံတွင် လက်လုပ်ဗုံးပေါက်ကွဲ

0
230

မန္တလေးတိုင်း၊ချမ်းမြသာစည်မြို့နယ်၊ကျွန်းလုံးဥသျှောင်ရပ်ကွက်ရှိ ဝသုန္ဒြေဓမ္မာရုံတွင် ဇန်နဝါရီ ၁၂ ရက် နေ့လည်ပိုင်းက လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းနေ့ နေ့လည် ၁ နာရီ ၅၀ မိနစ်ခန့်က ဆိုင်ကယ်မောင်းနှင်လာသည့် အမည်မသိအမျိုးသား ၂ ဦးမှ ချမ်းမြသာစည်မြို့နယ်၊ကျွန်းလုံးဥသျှောင်ရပ်ကွက်၊အကွက်(၅၀၁)၊ ၈၄ လမ်းနှင့်စစ်ကိုင်းလမ်းသွယ်ရှိ ဝသုန္ဒြေဓမ္မာရုံအား လက်လုပ်ဗုံးဖြင့်ပစ်ပေါက်ပြီးနောက် မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

လက်လုပ်ဗုံးသည် ဓမ္မာရုံဝင်ပေါက်အနီးကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် အခင်း ဖြစ်နေရာအနီး၌ရပ်ထားသည့် ကားတစ်စီး၏ နောက်မှန်ကွဲသွားခဲ့ကြောင်း သိရသည်။

“ဗုံးပေါက်ကွဲတဲ့ဖြစ်စဥ်မှာ လူနဲ့ဓမ္မာရုံအဆောက်အဦးထိခိုက်ပျက်စီးတာ မရှိပါဘူး ကားနောက်မှန်ကွဲတာပဲရှိပါတယ် ဗုံးပစ်တဲ့လူနှစ်ယောက်က ပစ်ပြီးတာနဲ့ ချက်ချင်း
မောင်းပြေးသွားတယ် စုံစမ်းနေပါတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ဓမ္မာရုံအားလက်လုပ်ဗုံးဖြင့်လာရောက်ပစ်ခတ်သူ ၂ ဦးအား ဖမ်းဆီးရမိရေးအတွက် လုံ ခြုံရေးအဖွဲ့ဝင်များက ပိတ်ဆို့ရှာဖွေစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here