ကနေဒါတွင် ရဲဟန်ဆောင်၍ ဖမ်းသွားသော အီရန်နွယ်ဖွား အမျိုးသမီးအား ရှာဖွေရန် ဆုကြေးငွေ ကမ်းလှမ်းထား

0
177

ကနေဒါနိုင်ငံရှိ စုံစမ်းစစ်ဆေးရေးမှုးများသည် အီရန်နွယ်ဖွား ကနေဒါနိုင်ငံသူတစ်ဦးအား လူတစ်စုက ရဲအရာရှိများအဖြစ် ဟန်ဆောင်၍ လိမ်လည်ခေါ်ဆောင်သွားသော အမှုအား ဖြေရှင်းနိုင်ရန်အတွက် ဆုကြေးငွေ ကနေဒါ ဒေါ်လာတစ်သိန်း ကမ်းလှမ်းထားကြောင်း သိရသည်။

အယ်နက်စ် ဟတ်ရှ်တမီရီဆိုသူ အမျိုးသမီးတစ်ဦးသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် အွန်တယ်ရီယိုမြို့ ကမ်းခြေအနီးရှိ ရပ်ကွက်၌ နေထိုင်နေစဉ် ရဲဝတ်စုံများ ဝတ်ဆင်ထားသော လူသုံးဦး၏ ပြန်ပေးဆွဲ ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရသည်။

ထိုလူသုံးဦးသည် ခြေဗလာဖြစ်နေသော ဟတ်ရှ်တမီရီအား အိမ်အပြင်ဘက်တွင် အသင့်စောင့်ဆိုင်းနေသော ပြိုင်ကားထဲသို့ အတင်းအဓမ္မ တရွတ်တိုက် ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

ထိုအချိန်ကတည်းက ပြန်ပေးဆွဲသွားသူများထံမှ ဟတ်ရှ်တမီရီအား ပြန်ရွေးရန်အတွက် ငွေကြေးတောင်းခံမှုများလည်း မရှိခဲ့သကဲ့သို့ ထိုအမှုနှင့်ပတ်သက်၍ သတင်းအစအန အနည်းငယ်သာ ရှိခဲ့သည်။

ရဲတပ်ဖွဲ့သည်လည်း မျက်မြင်သက်သေနှစ်ဦး၏ ဖော်ပြချက်များအပေါ် အခြေခံ၍ မျက်နှာဖုံးစွပ်ထားသော ပြန်ပေးဆွဲသူ နှစ်ဦး၏ ပုံကြမ်းနှစ်ပုံကို ထုတ်ပြန်ထားသည်။

ပြန်ပေးဆွဲသူများထံမှ မည်သည့်‌သတင်းမျှ မကြားရသေးသော်လည်း ဟတ်ရှ်တမီရီ၏ မိသားစုသည် သူ့ကို ပြန်ရှာတွေ့နိုင်မည်ဟု မျှော်လင့်လျှက် စောင့်ဆိုင်းနေကြောင်း သိရသည်။

Source: The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here