မှော်ဘီမြို့နယ်ရှိ Grand Royal အရက်ချက်စက်ရုံ၌ Level 3 အဆင့်မီးလောင်မှုဖြစ်ပွားနေ

0
281

ရန်ကုန်တိုင်း၊မှော်ဘီမြို့နယ်၊လိပ်ပုတ်ကျေးရွာ အုပ်စု၊အမှတ်(၄)လမ်းမကြီးဘေးရှိ အရက်ချက်စက်ရုံတွင် ဇန်နဝါရီ ၁၃ ရက်(ယနေ့)နေ့လည်ပိုင်းက Level 3 အဆင့်မီးလောင်မှုဖြစ်ပွားလျက်ရှိကြောင်း ကနဦးသိရသည်။

ယနေ့နေ့လည် ၃ နာရီ ၂၉ မိနစ်ခန့်က မှော်ဘီမြို့ နယ်၊လိပ်ပုတ်ကျေးရွာအုပ်စု၊အမှတ်(၄)လမ်းမကြီးဘေးရှိ Grand Royalအရက်ချက်စက်ရုံတွင် မီးလောင်မှုဖြစ်ပွားနေသဖြင့် မှော်ဘီမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထိုသို့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့သော်လည်း ငြှိမ်းသတ်နိုင်ခြင်းမရှိသဖြင့် နီးစပ်ရာမြို့နယ်များမှ မီးသတ်ကားများနှင့်အရန်မီးသတ်တပ်ဖွဲ့များ၊လူမှုကူညီရေးအသင်းများက နေ့လည် ၃ နာရီ ၃၅ မိနစ်တွင် Level 2 အဆင့်၊ နေ့လည် ၃ နာရီ ၄၁ မိနစ်တွင် Level 3 အဆင့်တို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်လျက်ရှိကြောင်း ကနဦးသိရသည်။

Photo-Aung Aung


LEAVE A REPLY

Please enter your comment!
Please enter your name here