အာဆီယံနိုင်ငံများနှင့် အိန္ဒိယနိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများကိုဆွေးနွေးသည့် ANDC အစည်းအဝေးသို့ အိန္ဒိယဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် တက်ရောက်

0
97

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးမိုးကျော်အောင်သည် ဇန်နဝါရီ ၁၂ ရက် ညနေ ၅ နာရီကပြုလုပ်သည့် အာဆီယံ-နယူးဒေလီကော်မတီ (ANDC) ၏ အကြိမ် ၁၂၀ မြောက်အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

အာဆီယံ-နယူးဒေလီကော်မတီ(ANDC)၏ အကြိမ် ၁၂၀ မြောက်အစည်းအဝေးအား နယူးဒေလီမြို့ရှိ ထိုင်းသံရုံး၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် အလှည့်ကျဥက္ကဋ္ဌ အိန္ဒိယနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး H.E. Ms. Pattarat Hongtong က ဥက္ကဌတာဝန်ယူခဲ့သည့်ကာလအတွင်း ANDC ၏ဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့ပြင် အာဆီယံသံအမတ်ကြီးများက ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှဒီဇင်ဘာလအတွင်း အာဆီယံနိုင်ငံများနှင့်အိန္ဒိယနိုင်ငံကြား ပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊ ကိုဗစ်(၁၉)ရောဂါ တားဆီးထိန်းချုပ်ရေးဆိုင်ရာအစီအမံများ ပြန်လည်ချမှတ်နေသည့် ကာလတွင် ပူးပေါင်းဆောင်ရွက်နိုင်မှုအခြေအနေများ၊ အာဆီယံ-နယူးဒေလီ ကော်မတီ၏တိုးတက်မှုများနှင့်ဆက်လက်ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ၂၀၂၃ ခုနှစ်၊ ပထမနှစ်ဝက်အတွက် အလှည့်ကျ ဥက္ကဌတာဝန်အား အိန္ဒိယနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး H.E. Mr. Nguyen Thanh Hai မှ လွှဲပြောင်းရယူခဲ့ကြောင်း သိရသည်။

မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်သည် အိန္ဒိယနိုင်ငံတွင် တာဝန်ထမ်းဆောင်ပြီး၍ ပြန်လည်ထွက်ခွာမည့် ကမ္ဘောဒီးယားသံအမတ်ကြီး H.E. Mr. Ung Sean နှင့်ဇနီးအတွက် အာဆီယံသံအမတ်ကြီးများမှ နှုတ်ဆက်ဂုဏ်ပြုသည့် ညစာစားပွဲသို့လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here