ဖင်လန်သည် ယူကရိန်းသို့ Leopard တင့်ကားများ ပေးပို့နိုင်ဖွယ်ရှိကြောင်း သမ္မတပြောကြား

0
223

ဖင်လန်သည် ယူကရိန်းသို့ Leopard 2 အမျိုးအစား တိုက်ပွဲဝင်တင့်ကားများ ပေးပို့ခြင်းဖြင့် ၎င်း၏ စစ်ရေးအကူအညီကို တိုးမြှင့်နိုင်သည်ဟု သမ္မတ Sauli Niinistö က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ သို့သော် ရုရှားနှင့် နယ်နိမိတ်ချင်း ထိစပ်နေသောကြောင့် ဖင်လန်မှ ပေးပို့နိုင်သည့် တင့်ကားအရေအတွက်မှာမူ အကန့်အသတ်ရှိမည်ဖြစ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

ယူကရိန်းအတွက် ဥရောပပူးတွဲကာကွယ်ရေးဆိုင်ရာ အကူအညီပေးရေးအစီအစဉ်ကို ထူထောင်ခဲ့လျှင် ဖင်လန်ကလည်း ပံ့ပိုးကူညီရန် အသင့်ရှိကြောင်း STT သတင်းဌာနသို့ ဖြေကြားခဲ့သော မှတ်ချက်တွင် သမ္မတက ထည့်သွင်းပြောကြားခဲ့သည်။

ဖင်လန်သည် ယူကရိန်းသို့ ၎င်း၏ ၁၂ ကြိမ်မြောက် အကူအညီပေးရေး အစီအစဉ်ကို ပြင်ဆင်နေပြီး တိုက်ပွဲဝင် တင့်ကားများ စေလွှတ်ရန်ကိုပါ စဉ်းစားနေသည်ဟု ကာကွယ်ရေးဝန်ကြီး Mikko Savola ကဲ့သို့သော ဖင်လန်ထိပ်တန်းနိုင်ငံရေးပုဂ္ဂိုလ်များ၏ မှတ်ချက်များ မကြာသေးမီက ထွက်ပေါ်လာသည်။ ဖင်လန်လွတ်တော်၏ ကာကွယ်ရေးကော်မတီ ဥက္ကဋ္ဌ Antti Häkkänen က ဖင်လန်သည် ယူကရိန်းသို့ တိုက်ခိုက်ရေး တင့်ကားများ ပေးပို့ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သော်လည်း မကြာသေးမီက တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ပြင်သစ်နှင့် ဂျာမနီတို့ကဲ့သို့ နေတိုးနိုင်ငံကြီးများက ဦးဆောင်ရမည်ဟု ပြောကြားခဲ့ပြန်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here