ပြီးခဲ့သည့် နိုဝင်ဘာလကုန်က အဖမ်းခံခဲ့ရသည့် ဇာတ်မင်းသား ဖိုးချစ် ပြန်လည်လွတ်မြောက်

0
504

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုဝင်ဘာ လကုန်ပိုင်းက ဖမ်းဆီးခံခဲ့ရသည့် ဇာတ်မင်းသား ဖိုးချစ် ပြန်လည်လွတ်‌မြောက်လာပီ ဖြစ်ကြောင်း သိရသည်။

ဇာတ်သဘင်မင်းသား ဖိုးချစ်အား ၎င်း၏ အနီးကပ်မိတ်ဆွေ တစ်ဦးနှင့်အတူ နိုဝင်ဘာလ (၃၀) ရက်က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

” ဟုတ်ပါတယ်။ နှစ်ကုန်ပိုင်းလောက်မှာ အပြင်ပြန်ရောက်လာတာပေါ့နော်။ ပြန်လွတ်လာပြီဆိုတာတော့ ဟုတ်ပါတယ် ” ဟု မင်းသား ဖိုးချစ်နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။

နိုင်ငံကျော် ဇာတ်သဘင်မင်းသား ဖိုးချစ်နှင့် တေးရေး တေးဆို သျှန်ထွန်း – (မြန်မာစာ) တို့အား နိုဝင်ဘာလ(၃၀)ရက်က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး သျှန်ထွန်း (မြန်မာစာ) နှင့် ညီမဖြစ်သူတို့ကို ဒီဇင်ဘာ (၁၁) ရက်တွင် ပြန်လွှတ်ပေးခဲ့ပီး ဇာတ်မင်းသားဖိုးချစ်ကိုမူ ဆက်လက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ယင်းသို့ စစ်ဆေးနေရာမှ ပြီးခဲ့သည့် ဒီဇင်ဘာ (၃၀) ရက်က ဇာတ်မင်းသား ဖိုးချစ်ကို သက်ဆိုင်ရာက ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here