“ငြိမ်းချမ်းရေးကကျွန်တော်တို့အတွက် အရေးကြီးဆုံးပဲ”ဟု အောင်လအန်ဆန်ပြော

0
148

ထိုင်းနိုင်ငံ၊ဗန်ကောက်မြို့၊နွန်ထဘူရီရှိ IMPACT ARENA တွင် ဇန်နဝါရီ ၁၄ ရက်(ယနေ့)နံနက်ပိုင်းက ယှဥ်ပြိုင်ထိုးသတ်ခဲ့သည့် One Fight Night လက်ဝှေ့ပွဲစဥ်တွင် အနိုင်ရရှိပြီးနောက် MMA ကစားသမားအောင်လအန်ဆန်ကပြောကြားခဲ့ခြင်းဖြစ်သည်။

“အရင် ၂ နှစ်က ကျွန်တော်တို့အတွက်အရမ်းခက် ခဲတယ် ကျွန်တော်လည်းစိတ်အရမ်းကျတယ် ပြောချင်တာက အားလုံးစိတ်ကိုတင်းတင်းထားပါ
ငြိမ်းချမ်းရေးကကျွန်တော်တို့အတွက် အရေးကြီးဆုံးပဲ အားလုံးငြိမ်းချမ်းရေးအတွက် ဆက်ပြီးဆု တောင်းပါလို့ ကျွန်တော်တိုက်တွန်းချင်ပါတယ်” ဟု MMA ကစားသမား အောင်လအန်ဆန်က ပွဲအပြီးကျေးဇူးတင်စကားပြောကြားရာ၌ တိုက် တွန်းပြောကြားခဲ့သည်။

အောင်လအန်ဆန်သည် ယနေ့နံနက်ပိုင်းက ဘရာဇီးနိုင်ငံသား ဂွန်ကာလိုဂယ်ဗာအိုနှင့်ယှဥ်ပြိုင်ထိုးသတ်ခဲ့သည့် Middle ဝိတ်တန်းတွင် ပထမအချီ ၁ မိနစ်ကျော်၌ ဒိုင်ပွဲရပ်ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ် သည်။

အောင်လအန်ဆန်သည် ၂၀၂၂ ခုနှစ်၊နို၀င်ဘာလအတွင်းက ဂျပန်နိုင်ငံသား MMA ကစားသမား အိုကာမီနှင့်ယှဥ်ပြိုင်ထိုးသတ်ခဲ့ရာတွင်လည်း အနိုင် ရရှိထားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here