ဂျပန်က စစ်အင်အား တိုးချဲ့လာမှုအတွက် ကီရှီဒါကို ဘိုင်ဒင်က ချီးကျူးထောက်ခံလာ

0
200

ဂျပန်နိုင်ငံသည် ၂၀၂၃ ခုနှစ်အတွက် စက်မှုဖွံ့ဖြိုးပြီး နိုင်ငံ ၇ နိုင်ငံ (G7) ၏ ဥက္ကဌဖြစ်လာသောကြောင့် ထိုနိုင်ငံများအား သွားရောက်လည်ပတ်ခဲ့ရာ ဇန်နဝါရီလ ၁၃ ရက် သောကြာနေ့တွင် အမေရိကသို့ ရောက်ရှိခဲ့ပြီး သမ္မတ ဘိုင်ဒင်နှင့် တွေ့ဆုံခဲ့သည်။

ထိုတွေ့ဆုံမှုအတွင်း ဘိုင်ဒင်သည် ဂျပန်၏ ဒေသတွင်း ငြိမ်းချမ်းရေး ထိန်းသိမ်းရန်အတွက် စစ်တပ်အင်အား တိုးချဲ့နေမှုကို ချီးကျူးထောက်ခံခဲ့သည်။

ဂျပန်သည် ပြီးခဲ့သည့်လက ပစိဖိတ်ဒေသ ကာကွယ်ရေးမဟာဗျူဟာအတွက် စစ်တပ်အင်အားတိုးချဲ့ရန် ဒေါ်လာ ၃၂၀ ဘီလျံ အသုံးပြုသွားမည်ဟု ကြေညာခဲ့သည်။ ထိုငွေပမဏသည် ဂျပန်၏ ဒုတိယကမ္ဘာစစ် ပြီးဆုံးချိန်မှစ၍ စစ်တပ်အတွက် အသုံးပြုမည့် အများဆုံး ငွေပမဏဖြစ်လာသည်။

“ကျွန်တော်တို့ဟာ ဂျပန်ရဲ့ သမိုင်းဝင် ကာကွယ်ရေး အသုံးစရိတ်တိုးမြင့်တယ် နိုင်ငံတော် လုံခြုံရေး မဟာဗျူဟာအသစ်တွေ တည်ဆောက်နေတယ် ကျွန်တော်တို့ရဲ့ စစ်ရေးမဟာမိတ်များကို ခေတ်မီလာအောင် လုပ်ဆောင်နေပါတယ်” ဟု ဘိုင်ဒင်က တွေ့ဆုံမှုအတွင်း ပြောကြားခဲ့သည်။

“ရှင်းရှင်းလင်းလင်း ပြောရရင် အမေရိကဟာ မဟာမိတ်အဖွဲ့ကို အပြည့်အဝ အိပ်သွန်ဖာမှောက် လုံးဝကို ထောက်ခံပါတယ်၊ အထူးသဖြင့် ဂျပန်ရဲ့ ကာကွယ်ရေး လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်လို့ပေါ့” ဟု ဘိုင်ဒင်က ဆက်လက် ပြောကြားခဲ့သည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here