ခရီးသည်တင်ယာဥ်များမှအပ အခြားမော်တော်ယာဉ်များနှင့်ဆိုင်ကယ်များသက်တမ်းတိုးရာ၌ ယာဥ်စစ်ကင်းလွတ်ခွင့် မတ်လကုန်အထိတိုးမြှင့်

0
202

လိုင်စင်သက်တမ်းတိုးမည့် မော်တော်ယာဉ်များနှင့်ဆိုင်ကယ်များအား Road Safety ဖြစ်စေရန် ယာဥ်အားမှတ်တမ်းနှင့်တိုက်ဆိုင်စစ်ဆေးခြင်းကို ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကိုဗစ်(၁၉)ရောဂါထိန်းချုပ်ရေးအတွက် ခရီးသည်တင်‌ယာဥ်များအား ယာဥ်စစ်ဆေး၍ ကျန်‌မော်တော်ယာဉ်များနှင့်ဆိုင်ကယ်များအား ယာဥ်စစ်ဆေးခြင်းမပြုဘဲ ယာဥ်စစ်ကင်းလွတ်ခွင့်ပြု၍ သက်တမ်းတိုးပေးခြင်းများအား ပြုလုပ်ပေးလျက်ရှိသည်။

ထိုသို့ ပြုလုပ်ခြင်းအား ၂၀၂၁ ခုနှစ်၊ မတ်လမှ စတင်ဆောင်ရွက်ပေးခဲ့ပြီးနောက် စက်တင်ဘာ၊ ဒီဇင်ဘာ၊ ၂၀၂၂ ခုနှစ်၊ ဇွန်၊စက်တင်ဘာလတို့တွင်လည်း ယာဉ်စစ်ကင်းလွတ်ခွင့်အားဖြေလျှော့ပေးခဲ့သည်။

လက်ရှိအချိန်တွင်လည်း ယာဥ်စစ်ကင်းလွတ်ခွင့်အား မတ်လကုန်အထိ ဆက်လက်တိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဟု ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက အသိပေးခဲ့သည်။

ထိုသို့ ယာဥ်စစ်ကင်းလွတ်ခွင့်ထပ်မံတိုးမြှင့်ရာတွင်လည်း Road Safety ဖြစ်စေရန်အရေးကြီးသည့် ခရီးသည်တင်ကားများကိုသာ ယာဥ်စစ်ဆေး၍ ကျန်‌မော်တော်ယာဉ်များနှင့်ဆိုင်ကယ်များအား ယာဥ်စစ်ဆေးခြင်းမပြုဘဲ သက်တမ်းတိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here