ရစ်(ခ်)တာစကေး ၄ ဒသမ ၄ အဆင့်ရှိ မြေငလျင်တစ်ခု ပြည်ကြီးတံခွန်မြို့နယ်အား ဗဟိုပြု၍ ယနေ့နံနက်လှုပ်ခပ်ခဲ့

0
143

မန္တလေးတိုင်း၊ပြည်ကြီးတံခွန်မြို့နယ်အား ဗဟိုပြု၍ အင်အားအနည်းငယ်ရှိသည့် မြေငလျင်တစ်ခု ဇန်နဝါရီ ၁၅ ရက်(ယနေ့)နံနက်ပိုင်းက လှုပ်ခပ်ခဲ့သည်ဟု မိုးဇလကထုတ်ပြန်ခဲ့သည်။

ယနေ့နံနက် ၁၀ နာရီ ၃၃ မိနစ် ၈ စက္ကန့်က ပြည်ကြီးတံခွန်မြို့နယ်၏ အနောက်-အနောက်တောင်ဘက် ၁ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၁ ဒသမ ၉၀ ဒီဂရီ၊အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၀၉ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာအား ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၄ ဒသမ ၄ အဆင့်ရှိ အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်ခပ်ခဲ့ခြင်းဖြစ်သည်။

“ငလျင်လှုပ်တာအနည်းအကျဥ်းတော့ကြမ်းတယ်ဗျ စက္ကန့်နည်းနည်းလောက်ပဲကြာတယ် အပေါ်အောက်ဆောင့်ပြီးလှုပ်သွားတာ ဒီဇင်ဘာလထဲကစပြီး မန္တလေးဖက်မှာ ငလျင်တွေခနခနလှုပ်နေတယ်”ဟု မန္တလေးမြို့ခံတစ်ဦးကပြောသည်။

ယနေ့နံနက်ပိုင်းကလှုပ်ခပ်ခဲ့သည့် မြေငလျင်အား အောင်မြေသာစံ၊ချမ်းအေးသာစံ၊မဟာအောင် မြေ၊ချမ်းမြသာစည်၊ပြည်ကြီးတံခွန်၊အမရပူရ၊ပုသိမ်ကြီးမြို့နယ်တို့တွင် နေထိုင်သူများသိရှိခံစားခဲ့ရသည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here