ကယားပြည်နယ်နေ့ မုဒ်ဦးဖွင့်ပွဲအခမ်းအနား ပစ်ခတ်ခံရ၍ (၁) ဦးသေ၊ ဒေသခံများအပါအဝင်ကျောင်းသူကျောင်းသား အများအပြားဒဏ်ရာရ

0
186

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမရှေ့၌ ဇ န်နဝါရီ ၁၅ ရက်(ယနေ့)နံနက်ပိုင်းက (၇၁)နှစ်မြောက်ကယားပြည်နယ်နေ့အထိမ်း အမှတ်မုခ်ဦးဖွင့်ပွဲ ကျင်းပ‌ချိန်တွင် KNPP နှင့် PDF လက်နက်ကိုင်အဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် တစ်ဦးသေဆုံးကာ ဒဏ်ရာရရှိသူအများအပြားရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို  KNPP နှင့် PDFအဖွဲ့များက ပူး‌ပေါင်းလုပ်ဆောင်ခြင်း ဖြစ်ကြော င်း နစကဖက်က သတင်း ထုတ်ပြန်ထားသည်။

ယနေ့နံနက် ၇ နာရီဝန်းကျင်တွင် (၇၁)နှစ်မြောက် ကယား ပြည်နယ်နေ့ အထိမ်းအမှတ်မုခ်ဦး ဖွင့်ပွဲပြုလုပ်နေသည့်နေရာအား  လွိုင်ကော်မြို့၏ အရှေ့မြောက်ဘက်မီတာ ၄၀၀၀ ခန့်အကွာမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း နစကက သတင်း ထုတ်ပြန်ထားသည်။

အဆိုပါ လက်နက်ကြီးကျည်များသည် ပြည်နယ်ခန်းမအနီးနှင့် လူနေရပ်ကွက်များအတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့၍ အမျိုးသား (၁) ဦးမှာ လက်နက်ကြီးကျည်စ

ထိမှန်၍ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ကြောင်း နစကက ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် လုံခြုံရေးအဖွဲ့ဝင်အချို့နှင့် ကျောင်းသားကျောင်း သူ (၆) ဦးအပါအဝင် အမျိုးသား (၁) ဦး၊အမျိုးသမီး (၁) ဦးတို့တွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု သိရသည်။

“ဖွင့်ပွဲကို ကျွန်တော်တို့က Medical Cover ယူပေးနေတာ လက်နက်ကြီးကျပြီး ပေါက်ကွဲတဲ့အသံက အကျယ်ကြီးပဲ ။ကလေးတွေလည်း ကြောက်လို့ အော်ဟစ်ပြီး ငိုနေကြတယ်။ တစ်ချို့ကလည်း ထွက်ပြေးကြတယ်။ သူတို့ကိုမကြောက်အောင် ထိန်းသိမ်းပြီး ဘေးလွတ်ရာကို ဝိုင်းရွှေ့ပေးခဲ့ရတယ်”ဟု လွိုင်ကော်မြို့အခြေစိုက်လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူ များအား လုံခြုံရေးအဖွဲ့ဝင်များက လွိုင်ကော်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြပြီး ပြစ်မှုကျူးလွန်သူများအား စစ်ဆေးဖော်ထုတ်အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here