နိုင်ငံတစ်ဝှမ်း နောက်နှစ်ရက်အတွင်း အအေးပိုလာမည်

0
236

မြန်မာနိုင်ငံတစ်ဝှမ်းတွင် နောက်နှစ်ရက်အတွင်း အအေးပိုလာမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီး ဌာနက ယနေ့ ဇန်နဝါရီလ ၁၅ ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

အသိပေးထုတ်ပြန်ချက်တွင် နောက်(၂) ရက်အတွက် ခန့်မှန်းချက်အရနေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ညအပူချိန်များအနည်းငယ်လျော့နည်းနိုင်ကြောင်း ဖော်ပြထားသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၄ ရက် ထုတ်ပြန်ချက်တွင်လည်း ထူးခြားသည့်  အနိမ့်ဆုံးအပူချိန်များမှာ ဟားခါးတွင် (၃) ဒီဂရီစင်တီဂရိတ်၊ တောင်ကြီးတွင် (၈) ဒီဂရီစင်တီဂရိတ်၊ ကျိုင်းတုံတွင် (၇) ဒီဂရီစင်တီဂရိတ်၊ လားရှိုးတွင် (၆)ဒီဂရီစင်တီဂရိတ်၊ လွိုင်ကောတွင် (၇) ဒီဂရီစင်တီဂရိတ် )နှင့် မြစ်ကြီးနားတွင် (၁၂)ဒီဂရီစင်တီဂရိတ် ဖြစ်သည်။

ထူးခြားသည့် ညအပူချိန်များမှာ နမ့်စန်မြို့တွင် (၀)ဒီဂရီစင်တီဂရိတ်၊ မိုင်းယန်းမြို့တွင် (၂)ဒီဂရီစင်တီဂရိတ်၊ ဟဲဟိုးမြို့နှင့် ဟားခါးမြို့တို့တွင် (၃)ဒီဂရီစင်တီဂရိတ်စီနှင့် ကျောက်မဲမြို့၊ ပင်လောင်းမြို့၊ လွိုင်လင်မြို့နှင့် တီးတိန်မြို့တို့တွင် (၄)ဒီဂရီစင်တီဂရိတ်တို့ ဖြစ်ကြသည်။  

အလားတူ အခြားပြည်နယ်နှင့် တိုင်းဒေများတွင်လည်း အနိမ့်ဆုံးအပူချိန်များမှာ (၁၀) ဒီဂရီစင်တီဂရိတ်နှင့် (၁၅)ဒီဂရီစင်တီဂရိတ် အကြားတွင်ရှိနေသည်။

ထို့အပြင် ရန်ကုန်တွင် အနိမ့်ဆုံးအပူချိန် (၁၅) ဒီဂရီစင်တီဂရိတ်၊ နေပြည်‌တော်တွင် (၁၃)ဒီဂရီစင်တီဂရိတ်နှင့် မန္တလေးတွင် (၁၅) ဒီဂရီစင်တီဂရိတ်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here